🌺EP (47)🌺အဖြူရောင်ကြေးခွံ

1.1K 174 2
                                    

Although the trip was rough

(47)
[အဖြူရောင်ကြေးခွံ]

"ဒါမေမေ့ဟာ့....အဟင့် မေမေကပြောတယ် သူ့မှာ အသက်ကြေးခွံ နှစ်ခုရှိတယ်တဲ့... တစ်ခုက ဖေဖေ့ကိုပေးထားပြီး နောက်တစ်ခုကတော့ သူယုံကြည်ရတဲ့သူဆီမှာတဲ့....အား...."

ရွှယ်နမ် ကြမ်းပြင်ပေါ် လဲကျသွားပြီး ကြီးမားတဲ့ ကြေးခွံကိုလက်နှစ်ဖက်နဲ့ တင်းနေအောင် ဆုပ်ထားလေသည်။ ကလေးတစ်ယောက်လို သူ အကျယ်ကြီးလည်း အော်ငိုနေမိသည်။

"မေမေ......"

"မေမေ........"

"အားနမ်...."

ရှင်းလန်ရှို့ ကောင်လေးကို သူ့ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။ ရွှယ်နမ်အတွက် သူ့ကိုမွေးခဲ့တဲ့ မေမေဆိုတာ အရေးကြီးမှာပဲ။ သူ့အတွက် ပါးပါးက အရေးကြီးသလိုပဲပေါ့။

မေမေဆိုတဲ့ စကားလုံးကို ရှင်းလန်ရှို့နှုတ်ကနေ မခေါ်ခဲ့ဖူးတော့ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ပေမယ့် အမေဆိုတာ တုနှိုင်းမဲ့ အရာလေးတစ်ခုမှန်းတော့ သူသိသည်။ ရွှယ်နမ်အတွက် မေမေဆိုတာကလည်း အဲဒီလိုပဲ ဖြစ်လိမ့်မည်။

မေမေတဲ့။ အသက်နဲ့ရင်းပြီး ကလေးတစ်ယောက် လောကထဲရောက်လာအောင် မွေးထုတ်ပေးခဲ့သူတဲ့လေ။ သူမမေတ္တာနဲ့ နို့ချိုတက်ပြီး မပြုစုခဲ့ရင် လူသားတစ်ယောက်ဟာလည်း ဖြစ်လာမှာမဟုတ်ဘူး။

အမေ့မေတ္တာနဲ့ ကရုဏာက ကြီးမားလွန်းပေသည်။ လူသားတစ်ယောက် စကားပြောတတ်ခါစ စပြောစဥ် အသံထွက်ကလည်း မေမေပါပဲ။

ရွှယ်နမ်ကိုင်ထားတဲ့ ကြေးခွံလေးသည် ရွှယ်နမ်မွေးကင်းစ အရွယ်တုန်းက မေမေသူ့ကို ဖက်ထားသလိုပဲ နွေးထွေးမှုတွေ ပေးနေသည်။ မေမေ နောက်တစ်ကြိမ် သူ့ရှေ့မှာ ပေါ်လာခဲ့သလိုပဲ။

ရွှယ်နမ် တော်တော်ကြာ ငိုပြီးသွားတော့မှ သူ့မျက်ရည်တွေကြောင့် ရှင်းလန်ရှို့ရဲ့ ရင်ဘတ်တွေ ရွဲစိုနေတာကို သတိထားမိလာသည်။ သူ ဖြည်းဖြည်းချင်း ရုန်းထွက်လိုက်ပြီး ရှင်းလန်ရှို့ကို မော့ကြည့်လိုက်၏။

ရှင်းလန်ရှို့ကတော့ သူ့ကိုမျက်ရည်တွေ သုတ်ပေးရင်း။

"ထပ်မငိုတော့နဲ့ မဟုတ်ရင် မင်းမျက်လုံးတွေ နာလိမ့်မယ်"

Although the trip was rough (Completed)Where stories live. Discover now