🌺EP (40)🌺အံ့ဩထိတ်လန့်ခြင်း

1.3K 176 7
                                    

Although the trip was rough

(40)
[အံ့သြထိတ်လန့်ခြင်း]

ရှင်းလန်ရှို့တို့ ထွက်သွားလေပြီ။ ရွှေကြိုးက သူမကိုချုပ်နှောင်ထားခြင်း မရှိတော့ဘဲ အစိမ်းရောင် မြက်ခင်းပေါ်တွင် သူမတစ်ယောက်တည်း မတ်တတ်ရပ်လျက် ကျန်နေခဲ့၏။ သူမလက်ထဲတွင်တောင် ခရမ်းရောင်ဆေးပင်တစ်ပင်။

ဆေးပင်သည် ရှင်းလန်ရှို့တို့ကိုယ်တိုင် ပေးခဲ့သော ဝိညာဥ်ဆေးပင်ဖြစ်သည်။ ဒါက ကျွိကုန်းရဲ့ ဝိညာဥ်ကို ခန္ဓာကိုယ်ကနေ ထွက်ခွာမသွားအောင် ထိန်းထားပေးနိုင်ပေသည်။ သူမဘေးကနေ စကားပြောရင် ကျွိကုန်းက သူမအသံကို ကြားနိုင်လိမ့်မည်။

ရှင်းလန်ရှို့ ပြောတာမှန်သည်။ သူနဲ့ကျွိကုန်းကြားမှာ မဖော်ထုတ်ရသေးတဲ့ လျှိုဝှက်ချက်တွေ ရှိသေးသည်။ အငယ်ဆုံး ဒေါ်လေးက သူမကိုလိမ်ထားတာ ဖြစ်နေရင်.....။

အော့ရွှမ်သည် ရှုလင်နဲ့ဆုံဖို့ နေရာတစ်နေရာကို ချိန်းထားတာကြောင့် ရွှယ်နမ်တို့နဲ့ လမ်းခွဲခဲ့သည်။

"ရှို့ကော....ကျွန်တော်တို့ အခုဘယ်ကိုဆက်သွားကြမလဲ?"

"ကိုယ်တို့ တောင်ဘက်စူးစူးကိုပဲ ဆက်သွားကြမယ်"

ရွှယ်နမ် ကြက်ပေါင်တစ်ပေါင်ကို ကိုက်ဆွဲရင်း ခေါင်းညိတ်လိုက်သည်။ ဗိုက်ဖြည့်ဖို့ မြို့ထဲကို ပြန်လာ၍ ကြက်ကင်တစ်ကောင် ဝယ်ခဲ့သည်။ မလိုတဲ့ ရန်ငြိုးတွေ ထပ်မဖြစ်ချင်တော့။ နှင်းဝံပုလွေအိမ်တော်က သူတို့ကို အလွတ်ပေးမှာ မဟုတ်ပေ။

ထို့ကြောင့် မြို့ထဲကထွက်လာပြီး တောလမ်းအတိုင်းလာရင်း ကြက်သားစားနေရတော့သည်။ ရွှယ်နမ်သည် ကြက်ပေါင်တစ်ဖက်ကို ဖဲ့၍ ရှင်းလန်ရှို့ကို ပေးလိုက်သည်။

"ရှို့ကော စား...."

"ဝအောင်စားပါ..."

"စားပါဆို!"

ရှင်းလန်ရှို့ ကြက်ပေါင်ကို ယူလိုက်ရသည်။

ရွှယ်နမ် - "ရှို့ကောအရင်ကပြောတော့ နတ်ဆေးသမားတော်က ယောကျ်ားတစ်ယောက်ဆို...အဲဒီသမားတော်နဲ့ အစ်မလော့ရင်းဝူရဲ့ ဖေဖေကြီးနဲ့က တစ်ယောက်တည်းလား?"

Although the trip was rough (Completed)Donde viven las historias. Descúbrelo ahora