🌺EP (57)🌺ကြယ်တာရာနန်းတော်

1K 147 0
                                    

Although the trip was rough

🌺(57)🌺
[ကြယ်တာရာနန်းတော်]

အဖိုးက ဆက်ပြောပြသည်။

"ခြံအနောက်မှာ သူတို့နှစ်ယောက်တည်း မဟုတ်ဘူး တခြားတပည့်တွေလည်း ပါတယ်....အားလုံးရဲ့ ရှေ့မှာပဲ သခင်မပိုင်က အဲဒီလူကိုတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်လေ။ မော့ထန်းအိမ်တော်က လက်စားချေဖို့လုပ်တော့ သခင်ရွှယ်က ဇနီးကိုကာကွယ်ပြီး အားလုံးကို ကျောခိုင်းလိုက်တယ်....အဲဒါကြောင့် သခင်ရွှယ်က မော့ထန်းအိမ်တော်ရဲ့ သစ္စာဖောက်ဖြစ်သွားတာ"

ရွှယ်နမ် ငြိမ်သက်သွားတော့သည်။ သူ့ဖေဖေနဲ့ မေမေရဲ့ဘဝက စည်းခြားထားတဲ့ အချစ်တစ်ခုလို ဖြစ်ခဲ့ရုံသာမက အဆိုးဝါးဆုံး ကြမ်းတမ်းခဲ့သေးသည်။ ရွှယ်နမ် မငိုမိအောင် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းထား၏။

အဖိုးကဆက်၍။

"မော့ထန်းအိမ်တော်က သခင်ရွှယ်တို့ကို လိုက်သတ်ကြတော့ သခင်ရွှယ်က အိမ်ကိုချိတ်ပိတ်ပြီး ထွက်သွားခဲ့တယ်... အဲဒီနေ့ကစပြီး အဖိုးတို့လည်း သခင်ရွှယ်ဆီက အဆက်အသွယ် မရတော့ဘူး.... အဖိုးတို့ သခင်ရွှယ်ရဲ့ သတင်းကိုပြန်ကြားတဲ့ အချိန်က...."

အဖိုးက ခဏလောက်ရပ်လိုက်ပြီးတော့မှ။

"သခင်မပိုင်.... မော့ထန်းဂိုဏ်းချုပ်ကို သတ်ပစ်လိုက်တဲ့ အချိန်ပဲ...."

ရွှယ်နမ် လန့်သွားသည်။

"မေမေက ဂိုဏ်းချုပ်ကြီးကို သတ်ပစ်တယ်!"

"အမှန်ပဲ အဲဒီကြားထဲ ဘာတွေဖြစ်သွားလဲတော့ မသိဘူး....သခင်မပိုင်က ဓားတစ်ချောင်းဆွဲပြီး တောင်ကြားထဲကိုလာတာ တွေ့သမျှ မော့ထန်းအိမ်တော်က တပည့်တွေကို တစ်ယောက်မှ အလွတ်မပေးဘဲ သတ်ပစ်ခဲ့တာ....အကြီးအကဲတွေလည်း သူမကပဲ သတ်ခဲ့တာ။ မော့ထန်းအိမ်တော်က အဆောက်အအုံ တော်တော်များများလည်း ပျက်စီးသွားတယ်.... အခုအထိ အဲဒါတွေက ပြင်ဆင်နေရတုန်းပဲ"

"မေမေက အရမ်းမိုက်တာပဲ"

မိခင်ရဲ့ ထက်မြတ်ပြီး သတ္တိရှိတဲ့ပုံစံကို စိတ်ကူးယဥ်ကြည့်မိတော့ ရွှယ်နမ်စိတ်တွေ ပြန်လန်းလာသည်။ သူပြုံးနေတာတွေ့တော့ အဖိုးကလည်း လိုက်ရီ၏။

Although the trip was rough (Completed)Where stories live. Discover now