🌺EP (86)🌺ဒုတိယကြယ်ကသုတ်သင်လိမ့်မယ်

1K 146 0
                                    

Although the trip was rough

(86)
[ဒုတိယကြယ်ကသုတ်သင်လိမ့်မယ်]

ရွှယ်နမ် သူတို့အနောက်မှာ ကျန်ခဲ့တဲ့ ခရမ်းရောင်ရေကန်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့်။ သူတို့ထွက်သွားပြီးနောက် နတ်သမီးက ရေကန်ထဲ ပြန်ငုပ်သွား၏။

"ရှို့ကော အဲဒီနတ်သမီးက တကယ်ကြီး ကျွန်တော်တို့နဲ့ အပေးအယူလုပ်လိုက်တာလား?"

"အဲဒါ အပေးအယူမဟုတ်ဘူး...တာဝန်ပဲ"

"ဘာကြောင့်လဲ?"

"သူက ရေကန်ကို စောင့်ရှောက်နေတယ်လို့ ပြောတယ်မလား? အဲဒါသူ့ရေကန်ထဲမှာ တစ်ခုခုရှိနေလို့ပေါ့ အဲဒါကြောင့် သူမအပြင်မထွက်နိုင်တာ... သူမက သူမရဲ့ငါးတွေကို ပြန်ယူလာပေးဖို့ တာဝန်ပေးလိုက်တယ်... ကိုယ်တို့သာသူပေးတဲ့ တာဝန်ကိုလုပ်နိုင်ရင် သူမကဆုအနေနဲ့ ဝိညာဥ်အထောက်အပံ့ ပစ္စည်းတစ်ခုကို ပြန်ပေးလိမ့်မယ်..."

"သူမက ဒီလောက်စွမ်းအားကြီး​တာ ငါးတွေက ဘယ်လိုလုပ်ပျောက်သွားတာလဲ?"

"အဲဒါကြောင့် အဲဒီငါးတွေကိုပြန်ရဖို့ မလွယ်ဘူးလို့ ကိုယ်ထင်တယ်"

ယင်းဝူ -"ငါးဆိုတာက စားလို့ကောင်းတဲ့ သတ္တဝါပဲ....မီးရဲရဲနဲ့ကင်...."

ရုတ်တရက် လက်တစ်ဖက်က သူ့နှုတ်ခမ်းတွေကို လာပိတ်လေ၏။ ယင်းဝူ ရပ်သွားသည်။ သူအံ့သြသွားပြီး သူ့နှုတ်ခမ်းပေါ်က လက်ပိုင်ရှင်ကို ငုံ့ကြည့်လိုက်သည်။ ကျီးယွမ်လည်း သူမရဲ့ရဲတင်းမှုကို သတိရကာ အမြန်နောက်ပြန်ဆုတ်သည်။

ကျီးယွမ် -"ကျွန်မတို့ ရေကန်နားမှာ ရှိနေတုန်းပဲ"

"မင်းကြောက်လို့လား?"

ယင်းဝူ ဤမိန်းကလေးရဲ့ ထိတွေ့မှုကို လျစ်လျူရှုကာ မျက်မှောင်ကျုံ့၍ မေးလိုက်သည်။ ကျီးယွမ်က ပွင့်ပွင့်လင်းလင်းပဲ ခေါင်းညိတ်၍ ပြန်ဖြေ၏။

"သူမက ကျွန်မတို့လေးယောက် ယှဥ်လို့ရတဲ့သူ မဟုတ်ဘူး"

ယင်းဝူ ပြုံးလိုက်သည်။

"သူမပေးတဲ့တာဝန်ကလည်း လွယ်ကူနေတာမှ မဟုတ်တာ... ဝိညာဥ်ကုန်းမြေထဲ ဝင်လာကတည်းက ငါတို့အသက်ကို ပြန်လုရတော့မှာ အထူးသဖြင့် ငါတို့ကိုဒီနေရာရောက်အောင် ဆွဲသွင်းလိုက်တဲ့သူပေါ့ ဟုတ်တယ်မလား ရှင်းလန်ရှို့!"

Although the trip was rough (Completed)Where stories live. Discover now