Intro

34.3K 881 0
                                    









      ရည်ညွှန်းတယ်ဆိုရင်……


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#MTChel

' နှင်းဆီ '  လို့ပြောလိုက်တာနဲ့ လူတိုင်းက ပွင့်ဖတ်နူးနူးညံ့ညံ့လေးတွေထက် မာကျောကျောဆူးတွေကိုသာအရင်ဆုံးမြင်မိကြတယ်မဟုတ်လား။
    ဆူးမပါတဲ့ နှင်းဆီဆိုတာကလည်း လောကကြီးထဲမှာလုံးဝကိုမရှိဘူးလို့ဆိုရတော့မလိုပါပဲ။

ဒီလိုပါပဲ…နှင်းဆီနဲ့ထပ်တူ အချစ်ဆိုတာဟာလည်း…… နာကျင်မှုမရှိတဲ့အချစ်ဆိုတာက မရှိသလောက်ရှားပါပေတယ်လေ……

   နာကျင်ရပါတယ်ဆိုတဲ့အချစ်တွေထဲကမှ တစ်ဖက်သတ်အချစ်ကတော့ ဆူးအများဆုံးနှင်းဆီတစ်ပွင့်လို အနာကျင်ရဆုံးပဲတဲ့။

     ထိုကဲ့သို့တစ်ဖက်သတ်အချစ်နှင့် ငယ်စဉ်ကတည်းကနေတိတ်တခိုးချစ်မြတ်နိုးရင်း ' စေခစား '  ဆိုသည့်သူတစ်ဦးတည်းကိုသာငေးကြည့်နေခဲ့မိလေသည့်ကောင်လေးက ' ခန့်နှောင်ကြိုး ' ………

မပြည့်စုံတဲ့နှောင်ကြိုးတို့မိသားစုကို ထောက်ပံ့ပေးထားသည့်အပြင် နှောင်ကြိုးကိုပါသူပိုင်သည့်နာမည်ကြီးကိုယ်ပိုင်ကျောင်းတစ်ခုမှာငွေကြေးတပြားတစ်ချပ်မှမယူဘဲတက်ခွင့်ပေးထားလေသည့် ဦးလင်းမြတ်အာဏာမှာ နှောင်ကြိုးအဖေ၏အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သလို ကျေးဇူးရှင်ဆိုလည်းမမှားပေ။

   နှောင်ကြိုးတစ်ယောက် ကျေးဇူးရှင်၏သားဖြစ်သူ ခပ်ချေချေသူဌေးသား ' လင်းအာဏာစက် '  နှင့်သူငယ်ချင်းမဖြစ်ချင်ဘဲဖြစ်ခဲ့ရပြီးအမိန့်မှန်သမျှကိုပါနာခံနေရတော့သောအခါ……

တစ်နေ့တစ်ချိန် အာဏာရဲ့အရိပ်အောက်မှရုန်းထွက်ဖို့ကြိုးစားလာမိတော့သည်ပင်။

နှောင်ကြိုးအပေါ်ထားရှိတဲ့ အာဏာရဲ့စိတ်ရင်းအမှန်ကရောမည်သို့မည်ပုံများနည်း။

~~နှင်းဆီနီက…ထာဝရအတွက်အချစ်စစ်အချစ်မှန်ကို
      ရည်ညွှန်းတယ်ဆိုရင်……
      ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီဖြစ်မလဲ~~

#MYChel

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now