EP - 38

3.3K 191 15
                                    

Zawgyi


စေ့စပ်ပွဲနေ့ဖြစ်တဲ့အတွက်နောက်မကျရအောင်စောစောပြင်ဆင်ထားလိုက်သည်။ စေ့စပ်ပွဲပြီးသည်နှင့်အစ်ကို့အိမ်မှာပဲနေတော့မှာဆိုတော့တစ်ခါတည်းထုတ်ပိုးသိမ်းဆည်းထားသည့်ခရီးဆောင်အိတ်နှစ်အိတ်ကိုပါယူပြီးအိမ်အောက်အထပ်သို့ဆင်းလာခဲ့လိုက်မိတော့ ထူးဆန်းတဲ့ခံစားချက်ကြီးကရင်ထဲကိုတိုးဝင်လို့လာ၏။

လူမရှိဘဲလစ်ဟာနေတဲ့ဧည့်ခန်းရယ် ၊ လှေကားကနေတစ်ဆင့် အိမ်အပေါ်အထပ်ရယ် ၊ ပြီးတော့ သူ……။
အရာအားလုံးကိုခွဲခွာရတော့မည်လို့တွေးလိုက်တိုင်း ရင်ထဲကနေစို့နင့်လာတဲ့ခံစားချက်ကြီးကအတော်လေးထူးဆန်းသည်။ အာဏာနဲ့ဝေးရာကိုထွက်သွားချင်ခဲ့ပေမယ့်လို့ အခုဘာဖြစ်လို့တွန့်ဆုတ်နေတာလဲဆိုတာကလည်းဝေခွဲမရ။ သေချာတာကတော့…အခုအစ်ကို့ဆီကိုမသွားချင်ဘူး……။

"သွားတော့မလို့လား……"

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် အတွေးတွေကိုရပ်ကာရှေ့ကလူထံအကြည့်ပို့လိုက်သည်။ ဟူဒီအနက်ရောင်လေးနှင့် Jean pantအဖြူလေးကိုတွဲဖက်ဝတ်ဆင်ထားတဲ့သူကခါတိုင်းနဲ့မတူဘဲလူငယ်ဆန်ဆန်ချောမောကြည့်ကောင်းနေသည်။ ရှေ့ကိုခပ်အုပ်အုပ်ဝေ့ဝဲကျနေတဲ့ဆံပင်လေးတွေကလည်းပို၍လူငယ်ဆန်စေသလို မျက်ဆံနီတွေကလည်းတစ်မျိုးဆွဲဆောင်မှုရှိနေပြန်တယ်။  နီဆွေးဆွေးနှုတ်ခမ်းပါးကလည်းအရင်လောက်မဟုတ်ပေမယ့်လို့ အနည်းငယ်နီရဲနေစမြဲပဲ။

"နှောင်ကြိုး……"

လူကိုအကဲခတ်ကြည့်ရင်းထပ်ခေါ်လာမှသာ ငေးနေမိတာကိုရပ်ပြီးအယောင်ယောင်အအမ်းအမ်းနဲ့ပြန်ထူးမိတော့ သူကသဘောတကျပြုံးသည်။ ပြီးတော့ပြောလိုက်ပါသေးတယ်။
ဘာတဲ့ ' မင်းကဗျာလို့ထူးရင်ကလေးပေါက်စနလေးကျနေတာပဲ '  တဲ့။ ဘယ်က ကလေးပေါက်စနရမှာလဲနော် လူကဖြင့်လင်ပဲရတော့မှာကို ဟုတ်တယ်မဟုတ်လား။

အတွေးတစ်ချို့နှင့်သာအာဏာ့အနောက်ကနေလိုက်လာခဲ့လိုက်တယ်။ သူပဲစိတ်ထင်နေတာလားတော့မပြောတတ်ပေမယ့် အာဏာ့ခြေလှမ်းတွေကနှေးကွေးကာတစ်လှမ်းချင်းဖြစ်နေသလိုပင်။ ခါတိုင်းဆိုရင်လမ်းကိုခပ်မြန်မြန်လျှောက်တတ်တဲ့သူကခြေတံရှည်တွေအားကိုးကြောင့်အမြဲရှေ့ကြိုရောက်နေတတ်သည့်အနေအထား။ အခုကျတော့တော်တော်လေးကိုနှေးကွေးလို့နေသည်။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now