Thingyan

1.3K 81 1
                                    


Unicode

သင်္ကြန်အတက်နေ့……။

ဒီနေ့ကသင်္ကြန်နောက်ဆုံးနေ့။ ဒါပေမယ့်ခါတိုင်းလိုတော့ မိုးလင်းတာနဲ့နှောင်ကြိုးဆီအပြေးမသွားမိတော့ဘူး။ နှောင်ကြိုးဘေးမှာသူချစ်ရတဲ့သူရှိနေပြီပဲလေ။ ကျွန်တော်မှမလိုအပ်တော့တာ။ ဟား!…တကယ်တမ်းအတိအကျပြောရရင်နှောင်ကြိုးကဘယ်တုန်းကမှကျွန်တော့်ကိုမလိုအပ်ခဲ့ပါဘူး။

အခန်းပြတင်းပေါက်ကနေလှမ်းကြည့်မိတော့ နီရဲရဲနှင်းဆီပန်းတွေကလှပလို့။ နီရဲတွေပွင့်ဖတ်တွေနဲ့အတူဒီနှင်းဆီပင်မှာဆူးတွေကလည်းမနည်းမနောပေ။

"ဒါတောင်…မကြောက်မရွံ့လက်နဲ့သွားကိုင်လိုက်သေးတယ်……"

4နှစ်လောက်ကြာနေခဲ့ပြီဆိုပေမယ့် နှောင်ကြိုးနဲ့စတွေ့ခဲ့တဲ့အချိန်လေးကိုတိုက်ဆိုင်တိုင်းငတိရနေမိတာတော့အမှန်။ ယုန်ရုပ်ပုံပါတဲ့ဖိနပ်လေးနဲ့ထွက်ပြေးသွားပုံလေးကတကယ့်ကလေးလေးကျလို့။
ဒါပေမယ့် ဒီနှင်းဆီပန်းတွေကြားမှာစတွေ့ခဲ့တဲ့ကျွန်တော်တို့နှစ်ယောက်ကကောင်းမွန်တဲ့တွေ့ဆုံခြင်းတစ်ခုရောဖြစ်ခဲ့ရဲ့လား……။

"အာဏာ……"

အကြားအာရုံကနေတစ်ဆင့်နှလုံးသားထဲသို့စီးဝင်သွားတဲ့ခေါ်သံသဲ့သဲ့လေး။ အသံလာရာလှမ်းကြည့်မိတော့ ခြံထဲမှာရေစိုနေတဲ့အဝတ်အစားတွေနဲ့ရပ်နေတဲ့နှောင်ကြိုး။
ဒီကို ဘယ်လိုလုပ်ပြီး……။

"သင်္ကြန်လျှောက်လည်မယ်လေကွာ……"

"ဟမ်……"

နားမလည်သလိုကြည့်နေတဲ့အာဏာကြောင့် လက်နှစ်ဖက်ကိုပါးစပ်အနားမှာကာလိုက်ရင်း အားယူကာအတင်းအော်ပြောလိုက်တော့မှအူတူုတူဒီဇိုင်းနှင့်အခန်းထဲကိုပြေးဝင်သွားသည်။ ခဏအကြာမှပြန်ထွက်လာတဲ့အာဏာကဂျင်းအင်္ကျီလက်ရှည်တစ်ထည်ကောက်စွပ်လာရုံမှတစ်ပါးဘာမှတော့ထူးခြားသွားတာမရှိ။

"လျှောက်လည်မယ်လေ ဟီး……"

သွားတန်းဖြူဖြူလေးတွေပေါ်အောင်ရယ်ပြရင်းပြောလာပြန်တော့လူကအလိုလိုခေါင်းညိတ်မိလျက်သား။ ချက်ချင်းဆိုသလိုလက်နုနုလေးတွေကသွယ်ယှက်ကာရှေ့ကနေဦးဆောင်လျှောက်လှမ်းသွားသည်မို့သူလေးအလိုကျအတိုင်းလိုက်လာမိတယ်။
နှောင်ကြိုးဆိုတာကကျွန်တော့်ကိုအဲ့ဒီ့လောက်အထိစေစားနိုင်တာ……။


ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now