EP - 9

2.5K 182 1
                                    


Zawgyi

ကျောင်းအုပ်ကြီးကကျောင်းဆင်းချိန်လာတွေ့ဖို့ပြောထားတာကြောင့် ခဏသာစကားပြောပြီးအမြန်ပြန်လာခဲ့လိုက်သည်။ အကြောင်းပြချက်ကတော့သူလေးပဲပေါ့။

("သားလေးရယ်......အာဏာလေးသာ လက်ခံလိုက်မယ်ဆို...ဆရာမကြီးတို့ကျောင်းလည်းဂုဏ်တက်တာပေါ့......ပြီးတော့ ဒီမှာလည်းအာဏာလေးရဲ့အမှတ်ကိုမှီတဲ့သူမှမရှိတာကွယ်......ဖြစ်နိုင်ရင်လေအင်္ဂလန်ကိုပညာတော်သင်သွားပေးပါလား......")

လမ်းတစ်လျှောက်တွင်ပြန်ကြားယောင်လာသည့်စကားသံတစ်ချို့ကြောင့် လှောင်ပြုံးတစ်ချက်သဘောကျစွာပြုံးလိုက်မိသည်။

"အင်္ဂလန်ကိုပညာတော်သင်ဆုတဲ့လား......ဟက်!......"

ခခယယနှင့်ဒူးထောက်မတတ်တောင်းပန်နေလေသည့် ဆရာမကြီး၏မျက်နှာကိုမြင်ယောင်မိတော့လည်း သူ့ကိုယ်သူဂုဏ်ယူလိုက်မိပြန်သား။

တကယ်တော့ အင်္ဂလန်ကိုပညာသင်သွားဖို့ဆိုတာ ကျောင်းကကျောင်းသားတိုင်းရဲ့အိပ်မက်ပါလေ။ ဒါပေမယ့် သူ့အတွက်ကတော့ ပညာသင်ဆုကမှအိပ်မက်မဖြစ်ခဲ့ဘဲ။

"နှောင်......"

စကားစမည်ရှိသေး တစ်နေရာသို့ပြေးထွက်သွားလေသောကောင်လေးကြောင့် မျက်မှောင်ကျုံ့ကာစိုက်ကြည့်လိုက်မိသည်။ ဦးတည်ရာကဘယ်ကိုမှန်းမသိပေမယ့် မိုးရေထဲအထိတော့ပြေးထွက်သွားစရာမလိုဘူးမဟုတ်လား။

ခြေလှမ်းလေးတွေတုံ့ခနဲရပ်ကာ ထီးလေးကိုကမ်းပေးနေလေသည့်ချစ်ရသူရဲ့မျက်ဝန်းထဲတွင် ပျော်ရွှင်မှုကအပြည့်ရယ်ပါ။

မမြင်ပါရစေနဲ့...ငါတောင်းပန်ပါတယ်......အဲ့ဒီ့လူကို မင်းအချစ်တွေပါနေတဲ့အဲ့ဒီ့မျက်ဝန်းတွေနဲ့ငေးကြည့်နေတာ...ငါမမြင်ပါရစေနဲ့တော့......။

စီးကျလာသည့်မျက်ရည်စက်များနှင့်အတူ ခြေထောက်ကပါအားမရှိတော့သလိုခွေကျချင်လာတာကြောင့် နံရံကိုမှီကာထိုင်ချလိုက်မိသည်။

အော်ငိုချင်မိပါသည်။ လည်ချောင်းတွေကွဲအက်ပြီးအသံမထွက်နိုင်တော့တဲ့အထိ အော်ဟစ်ပစ်ချင်သော်လည်း စို့နင့်နေသည့်ခံစားချက်တစ်ခုကြောင့် အသံကထွက်မလာ။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now