EP - 18

2.3K 162 0
                                    

Zawgyi

တဖြည်းဖြည်းနှင့်ညမိုးချုပ်လာပေမယ့် အာဏာ့ကိုတော့အခုအချိန်ထိအရိပ်အယောင်တောင်မမြင်ရသေး။ ကျွန်တော့်ဘက်ကလည်းစပြီးစကားမပြောချင်တာကြောင့် နေ့လည်စာစားပြီးကတည်းကခြံထဲမှာလာထိုင်နေလိုက်တာအခုထိပဲဆိုပါတော့။

ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ဝဲကြည့်မိရင်း အကြည့်ရောက်မိသည်က မပြောင်းမလဲတည်ရှိနေသေးတဲ့ ရေကန်ဘေးကနှင်းဆီနီတို့တည်ရှိရာနေရာသို့။ အနားတိုးသွားလိုက်ရင်း ပန်းပွင့်လေးတွေကိုငေးမောကြည့်နေမိပေမယ့် တစ်စုံတစ်ခုကိုပြန်အမှတ်ရမိသည်။

အာဏာနဲ့ကျွန်တော်က…ဒီနေရာမှာ စတွေ့ခဲ့ကြတာ……။

အစီအရီရှိနေသည့် နှင်းဆီပန်းပင်တွေအကြား လစ်လပ်နေတ့မြေလွတ်တစ်နေရာကြောင့် အနည်းငယ်မျက်မှောင်ကျုတ်ကာစဉ်းစားမိသည်။
ဒီနေရာကဘာဖြစ်လို့မြေအလွတ်ဖြစ်နေရတာလဲ……။

ထိုမြေအလွတ်တွင် နှင်းဆီပင်တစ်ပင်ကောင်းကောင်းစိုက်ပျိုးလို့ရတဲ့နေရာလွတ်တစ်ခုပင်။
ဘာကြောင့်များဒီနေရာကလစ်ဟာနေသလဲတော့သိချင်မိသည်။

"အစ်ကိုလေးကဒီရောက်နေတာကို……ကျွန်မတို့ကဧည့်ခံပွဲသွားဖို့အတွက်ပြင်ဆင်ပေးမလို့ပါ……"

ကိုယ့်အာရုံနဲ့ကိုယ်နစ်မျောနေမိစဉ် ရုတ်တရက်ကြားလိုက်ရတဲ့စကားသံသဲ့သဲ့ကြောင့် ဘေးကိုတစ်ချက်လှည့်ကြည့်မိတော့ အိမ်ကအစေခံမိန်းကလေးသုံးယောက်ပင်။ ပြုံးကာခေါင်းအသာညိတ်ပြပြီး နှင်းဆီပန်းတွေကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်မိသည်။

နှင်းဆီနီတွေဟာလှနေတုန်းပါပဲ……။
ဒီလိုပါပဲ သူကလည်းပြောင်းလဲမသွားပါဘူး။ အသက်10နှစ်အရွယ်ကတည်းကစတွေ့ခဲ့ဖူးတဲ့အာဏာက ပြောင်းလဲမလိုသွားမလိုလိုနဲ့ ကျွန်တော့်အပေါ်အမိန့်တွေပေးတတ်စမြဲပဲ။

နာကျင်မှုတွေကြောင့် ငါမင်းကိုမုန်းမိတာ……မမှားဘူးထင်ပါတယ် လင်းအာဏာစက်……။

အတွေးများကိုရုတ်သိမ်းပြီးအိမ်ထဲသို့ဝင်လာလိုက်တော့ လှေကားထစ်ကဆင်းလာသည့်အာဏာနှင့်ဆုံမိသည်။ suitကခဲရောင်ကိုမှ အနက်နဲ့ရောစပ်ထားသဖြင့်အာဏာ့ရဲ့ဖြူနေတဲ့အသားကိုပို၍အရောင်ထင်ဟပ်နေစေသည်။ သေသေသပ်သပ်လှန်တင်ကာဖြီးထားပုံရတဲ့ဆံပင်ကြောင့် မျက်ဆံနီနီတွေနှင့်သူက တော်ဝင်မင်းသားတစ်ပါးနှင့်ပင်တူနေသေး၏။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now