Hello

709 44 4
                                    

" ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီ "

ကျွန်တော်ရေးဖူးတဲ့ မြတ်နိုးအရဆုံးဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ ဒါလေးကိုဖတ်ပြီးသွားရင် နှင်းဆီနီလေးတွေကိုမြင်ရင်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် မျက်ဆံအနီရောင်နဲ့ရှားပါးလူတစ်ချို့ကိုအမှတ်မထင်ဆုံခဲ့မိရင်ဖြစ်ဖြစ် ၊ ပြီးတော့ အာဏာဆိုတဲ့နာမည်လေးကိုကြားရင်ပဲဖြစ်ဖြစ် နည်းနည်းလေးအမှတ်ရနေပေးကြမယ်လို့မျှော်လင့်ပါတယ်။

ပြောချင်တာလေးကတော့
အပြီးသတ်လိုက်ပြီးပြီလို့ကျွန်တော်သတ်မှတ်ခဲ့ပေမယ့်လို့ အခုအာဏာ့ကိုလွမ်းနေကြတဲ့သူလေးတွေရှိလို့ဗျ။
ကျွန်တော်ရေးခဲ့တာကလည်း မိုးနဲ့ဆောင်းပဲများခဲ့တော့ အခုတောင်းဆိုမှုလေးတွေကြောင့် နှစ်သစ်ကူးကိုအာဏာတို့နဲ့အတူဖြတ်သန်းနိုင်အောင်ဖန်တီးပေးပါ့မယ်ဗျ။
နောက်ထပ်က သင်္ကြန်တွင်းအိမ်မှာပဲနေမယ်ဆိုတဲ့သူလေးတွေကိုအာဏာတို့နဲ့အတူအတာသဘင်ပွဲဖြတ်သန်းလို့ရစေချင်တဲ့စေတနာနဲ့ပါ။

ဒီတော့ 14နှစ်သားအာဏာ‌တို့ကို သင်္ကြန်ရက်တွေမှာစောင့်မျှော်ပေးကြပါအုံးနော်။
အာဏာလေးကလူဝင်စားပုံစံနဲ့မဟုတ်ဘဲ နှောင်ကြိုးနဲ့စတွေ့ခဲ့တဲ့ လင်းအာဏာစက်ဘဝကိုပဲပြန်ခေါ်လာပေးမှာမို့ ' အာဏာ့ကိုပဲချစ်တယ် 'ဆိုတဲ့သူလေးတွေလည်းပြန်အလွမ်းဖြေလို့ရပါပြီဗျာ။

ကဲ...ကျွန်တော်တို့ရဲ့ 14နှစ်သားမျက်ဝန်းနီပိုင်ရှင်လေးနဲ့ပြန်လည်ဆုံတွေ့ကြရအောင်လား။

ခင်များလေးတို့လွမ်းနေတဲ့အာဏာ့ကိုထပ်တွေ့ရပါတော့မယ်......

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now