Thingyan

1.8K 84 1
                                    


Unicode


သင်္ကြန်အကြိုနေ့……။

"နှောင်ကြိုးရေ မြန်မြန်လာလေဟာ…နင်ကလည်းနှေးလိုက်တာ ဟိုမှာလူတွေလွတ်ကုန်ပြီဟဲ့……"

လမ်းထိပ်ရှိအုန်းလက်နှင့်မိုးကာပြီးဆောက်လုပ်ထားသောမဏ္ဍပ်အနားရောက်ကာစပဲရှိသေး ကြားလိုက်ရတာကအရမ်းကိုတက်ကြွနေတဲ့ကလျာရဲ့အသံ။ ဘေးကနှင်းလွှာကတော့ကျွန်တော့်ကိုတောင်ဂရုမစိုက်နိုင် ဖြတ်သွားသမျှအစ်ကိုကြီးချောချောလေးများကိုရေအသည်းအသန်လောင်းနေလေသည်။

တကယ်တော့ဒါကကျွန်တော့်ရဲ့ရှားပါးသူငယ်ချင်းလေးတွေပါ။ သူတို့ကကျွန်တော်နဲ့ကျောင်းအတူတူတက်နေကြတာမဟုတ်ပေမယ့်အိမ်အနားတစ်ဝိုက်ကပဲမို့ကျွန်တော်နဲ့ခင်လာတာဟိုးငယ်ငယ်ကတည်းကပဲ။ ကျောင်းကတော့သိတဲ့အတိုင်းပဲလေ……ကျွန်တော်တောင် သူများအကူအညီနဲ့တက်နေရတာမဟုတ်လား။

"ဟေ့ကောင်နှောင်ကြိုး……ဘာလုပ်နေတာလဲ ရေပက်အုံးလေ……"

ရေခွက်ကြီးကိုင်ပြီးစဉ်းစားခန်းထုတ်နေတဲ့ကျွန်တော် ၊ ရုတ်တရက်သတိပေးသံကြားမှသတိပြန်ဝင်တော့သည်။ ရှေ့ကိုကြည့်မိတော့ ပြူးတူးတူးနဲ့စိုက်ကြည့်နေတဲ့အောင်မြင်ကိုတွေ့လိုက်ရသည်။ အသားမည်းရတဲ့အထဲ
နေကာမျက်မှန်နဲ့အရုပ်တွေပါတဲ့ပဝါစကိုလည်ပင်းမှာစည်းထားတဲ့အပြင်ဟူဒီရော ဂျင်းအင်္ကျီကပါဝတ်ထားသေးတဲ့အောင်မြင်ရဲ့ပုံစံကတကယ့်တောသားနဲ့တူ၏။

"မင်းကဘာလို့ဒီရှေ့မှာလာရပ်နေတာလဲ……"

"ဟ……ရေပက်ခံထွက်လာပါတယ်ဆိုမှရေပက်ခံချင်လို့လေကွာ…စကားများမနေနဲ့ရေလောင်းတော့ ငါရေမစိုတာတော်တော်ကြာတော့ချမ်းလာသလိုပဲ……"

အတင်းကိုရေလောင်းခိုင်းနေတဲ့အောင်မြင်ကြောင့်မျက်နှာကိုတစ်ချက်မဲ့ရွဲ့ပြပြီးရေလောင်းဖို့ပြင်လိုက်စဉ်ရုတ်တရက်လက်ကိုဖမ်းဆုပ်လိုက်တဲ့လက်တစ်စုံ။

"မင်းပထမဆုံးရေလောင်းတဲ့သူကငါပဲဖြစ်သင့်တာလေ……"

နားထဲတိုးဝင်လာသည့်ခပ်ရှရှအသံကြောင့်ပျော်နေတဲ့အပျော်တွေပင်ပျောက်သွားမိသည်။  ဘေးကလူကိုမော့ကြည့်မိတော့ထုံးစံအတိုင်းမျက်ဝန်းနီတွေနှင့်ငေးကြည့်နေပြန်တဲ့နတ်ဆိုးကောင်။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now