နံပါတ်စိမ်း - Part 1

4.6K 417 27
                                    

Unicode

{ငါ့ယောက်ျား အိမ်ပြန်မလာဘူး။ငါ့သူ့ကို အရမ်းလွမ်းတာပဲ}

ရှဲ့မြန် မက်ဆေ့ကိုမြင်တော့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ထို့နောက်မှာတော့ သူဟာ ယင်းက Spam ဟု လွယ်လွယ်ပင်တွေးကာ ဖျက်ပစ်လိုက်၏။

သို့သော်လည်း မကြာခင်မှာပင် မက်ဆေ့အသစ်က ထပ်မံပေါ်လာပြန်သည်။

{ငါ ခုတလော အပြာနဲ့အဝါရောင်ကြယ်တွေကို မြင်နေရတယ်။ ငါ့ယောက်ျားကို အဲ့အကြောင်းတွေပြောပြတော့ သူက အဲ့ဒါ ပုံမှန်ပါပဲလို့ပြောတယ်။ ဒါပေမဲ့ တကယ်ရော ပုံမှန်ဟုတ်လို့လား}

ရှဲ့မြန် တစ်ချက်ကြည့်ကာ ဖျက်ပစ်လိုက်ပြန်သည်။

သူ့ထိုင်ခုံဖော်ဖြစ်သည့် ချူကျန်းက သူ ဖုန်းကိုအကြာကြီးစိုက်ကြည့်နေတာမြင်တော့ မေးမြန်းလို့လာသည်။

" spam ပါပဲ။ ငါ ဖျက်ပစ်လိုက်ပြီ"

ရှဲ့မြန်က ပြန်ဖြေလိုက်၏။

ချူကျန်းက စနောက်လေသည်။

"မင်းက အရမ်းဒုံးဝေးလွန်းတယ်။ အဲ့ဒါက တိတ်တိတ်လေးသဘောကျနေတဲ့လူလိုမျိုး တစ်ယောက်ယောက်က ပို့တဲ့မက်ဆေ့မျိုး ဖြစ်ချင်ဖြစ်မှာပေါ့"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းကွ"

ရှဲ့မြန်က ချက်ချင်းပင်ငြင်းဆိုပစ်လိုက်၏။

တကယ်ပဲ မဖြစ်နိုင်ပါပေ။

ချူကျန်း အခြားဘာမျှထပ်မပြောလေတော့ချေ။ သူတို့ဟာ အထက်တန်းတတိယနှစ်၏ စီနီယာကျောင်းသားတွေဖြစ်ကာ အကုန်လုံးက စာလေ့လာမှုနှင့်ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားနေကြရချိန်ဖြစ်သည်။

ရှဲ့မြန်ကတော့ အမြဲတစေ ကျောင်းသားကောင်းတစ်ယောက်ပါပင်။ သူ့အဆင့်က အမြဲထိပ်ဆုံးမှာချည်းဖြစ်၏။ယခုချိန်မှာတောင်မှ သူဟာ အလွန်အလုပ်ရှုပ်နေဆဲဖြစ်ပြီး မပြီးနိုင်မစီးနိုင်သော လေ့ကျင့်ခန်းစစ်ဆေးမှုများကို လုပ်နေရဆဲပါပင်။

သို့သော်လည်း Spam နံပါတ်ဟု သူထင်ထားသောအရာကတော့ ဆက်တိုက်မက်ဆေ့တွေ ပို့နေဆဲ။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Unde poveștirile trăiesc. Descoperă acum