နံပါတ်စိမ်း - Part 3

2K 353 7
                                    

Unicode

ရှဲ့မြန် စကားမပြောတော့။ သို့သော်လည်း သူ့ဖုန်းက ထပ်မံလင်းလာပြန်သည်။ ယင်းက ထူးဆန်းသည့်လူဆီမှ မက်ဆေ့ပင်။သူ ဖွင့်ဖတ်ကြည့်လိုက်တော့ အေးစက်တောင်သွားရသည်။

{ငါ့ယောက်ျားက ငါ့ကိုအပြင်ခေါ်သွားတယ်။ စကပ်ဝတ်ခိုင်းပြီးတော့ ဘန်းမုန့်လေးလို့ခေါ်တယ်။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ။အဲ့ဒါက ကောင်းတာတစ်ခုခုတော့ဟုတ်မယ်မထင်ဘူး။ဒါပေမဲ့ ငါသတိမရတော့ဘူး။ တစ်ခါတုန်းက ငါ့ဦးနှောက်ကို သုံးဖို့လုပ်တုန်းက ခေါင်းတွေနာလာရော။ ငါက အရမ်းကိုတုံးတာ။ဒါပေမဲ့ ငါ့ယောက်ျားက အဲ့ဒါမျိုးကြိုက်တာတဲ့။ သူက ခပ်တုံးတုံးအရူးတွေကို သဘောကျတယ်တဲ့လေ}

{အရင်တစ်ခါက ငါစာဖတ်ဖို့ စာအုပ်တစ်အုပ်လောက် ကောက်ကိုင်လိုက်တယ်။ တကယ်တော့ ငါမဖတ်ပါဘူး။ဒါပေမဲ့ နားလည်တယ်လို့တော့ တွေးမိတယ်။ ငါ့ယောက်ျားမြင်တော့ သူအတော်ဒေါသထွက်သွားရော။သူ ငါ့ကို အပြစ်ပေးပြီး နေ့ဘက်တွေ ထတောင်မထခိုင်းတော့ဘူး}

{ငါအရမ်းဝမ်းနည်းတယ်။ မိုးရွာနေတဲ့အချိန်မှာ ဝမ်းနည်းလွန်းလို့ ငိုတောင်ငိုမိတယ်။ ငါ့ယောက်ျားက ချော့တောင်မချော့ဘဲ လုပ်ပဲလုပ်နေတယ်။သူက ကွန်ဒုံးဝတ်ရတာ မကြိုက်ဘူး။ ကြမ်းကြမ်းတမ်းလုပ်တတ်လို့ ငါအမြဲဖျားတယ်။ ဆရာဝန်က နေ့တိုင်းလာရတယ်။ အဲ့ဆရာဝန်ကလည်း ငါ့ကို သူ့ရဲ့ပါပီလေး ဖြစ်စေချင်နေတာ။ဒါပေမဲ့ ငါ့ယောက်ျားကိုတော့ အဲ့အကြောင်းမပြောဘူး။အဲ့ဆရာဝန်ကပြောသေးတယ်။ သူ ငါ့ကိုအဝေးခေါ်ထုတ်ပေးပြီးတော့ စာသင်ဖို့ ကျောင်းပြန်တက်ခိုင်းမယ်တဲ့။ဒါပေမဲ့ ငါမှစာမသင်ချင်တာ။ စာဖတ်တယ်ဆိုတာ မကောင်းဘူး။ ငါ့ယောက်ျား စိတ်ဆိုးလိမ့်မယ်}

ရှဲ့မြန်မျက်နှာက ကြိမ်ဖန်များစွာ မဲမှောင်လာသည်။ ချူကျန်းက အနားကပ်လာပေမဲ့ သူဘာမှမမြင်ရပေ။ ထို့ကြောင့်ပင် သူကမေးလိုက်၏။

"ရှဲ့မြန် မင်းဘာတွေကြည့်နေတာလဲ"

"ဘာမှမဟုတ်ဘူး"

ရှဲ့မြန်ဖြေလိုက်၏။

သူက မတ်တပ်ထရပ်ကာ လက်ထဲကဖုန်းနှင့်အတူ အပြင်ထွက်လိုက်ရင်း မက်ဆေ့တစ်စောင် ပို့လိုက်သည်။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now