လော့ကတ်သီး -Part 4 (End)

1.8K 377 20
                                    

Unicode


ငါမီးတွေမှိတ်ပြီး ကုတင်ပေါ်မှာ လှဲနေမိတယ်။မနေ့က ဒီကုတင်ပေါ်မှာ ငါနဲ့ကျန်းမု ရယ်လိုက်မောလိုက် ဟာသတွေပြောလိုက် လုပ်နေခဲ့သေးတယ်။သူက လှုပ်ရှားမှုသေးသေးရှိလာရင်တောင် နိုးပါ့မယ်လို့ ငါ့ကိုပတိပေးခဲ့တယ်။ဒါပေမယ့် သူကတိမတည်ခဲ့ဘူး။

သူ ဘယ်တော့မှ ထပ်ပြီးနိုးလာနိုင်မှာမဟုတ်တော့ဘူး။

ငါ ကျန်းမုလှဲသွားခဲ့တဲ့နေရာကို ထိတွေ့ကြည့်မိတယ်။ ရုတ်တရက်
အေးစက်တဲ့ လက်တစ်ဖက်က ငါ့လက်ကိုဆွဲကိုင်လိုက်တယ်။

ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုက ပေါ်လာပြီးတော့ ငါ့ကို သူ့အောက်မှာ ဖိထားလိုက်ရင်း တိုးတိုးလေးပြောတယ်။

"လှုပ်ရှားမှုသေးသေးလေးရှိရင်တောင် ငါနိုးလာပါ့မယ်လို့ ပြောခဲ့တယ်လေ"

ငါ ငါ့အပေါ်က ကျန်းမုကို စိုက်ကြည့်နေမိတယ်။

ရင်းနှီးနေတဲ့မျက်နှာ၊ ရင်းနှီးနေတဲ့မျက်လုံးတွေက မနေ့ညကဖြစ်ပျက်ခဲ့သမျှအရာအားလုံးက အိမ်မက်အလားပဲ။

ငါ့အကြည့်ကသူ့လည်ပင်းပေါ်ရောက်သွားတယ်။ အဲ့ဒီမှာ အကောင်းပကတိရှိနေတဲ့၊ မကျိုးပဲ့သေးတဲ့၊လှပတဲ့ ငွေရောင်လော့ကတ်သီးလေးရှိနေတယ်။

ငါ့မှာငါလည်ချောင်းထဲကနေ အသံတစ်သံတောင်မထွက်နိုင်ဘူး။

"ဒါက မင်းရဲ့ဟာ"

ကျန်းမုက လော့ကတ်ကိုချွတ်ရင်း ငါ့လည်ပင်းမှာ ဆွဲပေးတယ်။သူက ငါ့ဘေးနားမှာ ဝင်လှဲရင်း ငါ့ကိုစိုက်ကြည့်နေတယ်။

"ငါ ဒီလော့ကတ်လေးကို မောလ်မှာတွေ့တုန်းက ဒါက မင်းအတွက်ဖြစ်တည်နေတာပဲလို့ခံစားမိသွားတယ်။ငါ အဲ့ဒါကို ဘူးလှလှလေးထဲထည့်ပြီး ကားထဲမှာသိမ်းထားတာ။မင်းအိမ်ကိုလာဖို့ လင်ကျားကို ဝင်ခေါ်တဲ့အချိန်မှာ သူက ဘူးကိုတွေ့
သွားတယ်။ သူက မေးတယ်။ ငါက မင်းကိုဘာလို့အဲ့လိုမျိုးတွေ ပေးရတာလဲတဲ့။လင်ကျားက ထက်မြက်တယ်။ အနည်းဆုံးတော့ မင်းထက် ထက်မြက်တာပေါ့။ သူက အစကတည်းက ငါမင်းအပေါ်ထားတဲ့ခံစားချက်တွေကို သိနေပြီးသား"

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now