လော့ကတ်သီး -Part 1

1.9K 333 1
                                    

Unicode

ဒါလေးက ဒီ Story 4 ပုဒ်ထဲက မဟုတ်ပါဘူး။ အရင် fundraising လုပ်တုန်းက အပုဒ်လေးပါ



သုံးနှစ်တိတိ ငါ့ချစ်သူကောင်မလေးဖြစ်ခဲ့တဲ့ ကျားလင်က ကားအက်စီးဒန့်နဲ့ ဆုံးပါးသွားခဲ့တယ်။

ယာဥ်တိုက်မှုဖြစ်တဲ့ကားက သူမကား မဟုတ်ပေမယ့်လည်း သူမသေသွားခဲ့တယ်။သူမက ယာဥ်တိုက်မှုဖြစ်တဲ့အခင်းနေရာမှာ သူမရဲ့ကားထဲကပြေးထွက်ပြီးတော့ အနောက်ခုံမှာ ညှပ်နေတဲ့ကလေးကို ဆွဲထုတ်ဖို့ကြိုးစားနေစဥ်မှာပဲ လမ်းပေါ်က တစ်ခြားကားတစ်စီးရဲ့ ယာဥ်မောင်းက ကားဘရိတ်ကိုအချိန်မှီမဆွဲလိုက်နိုင်တာကြောင့် သူမကိုအနောက်ကနေ ဝင်တိုက်သွားခဲ့တယ်။

အဲ့ဒီနေ့က ငါ့မွေးနေ့။ သူမရဲ့အိတ်ကပ်ထဲမှာ မွေးနေ့လက်ဆောင်ဖြစ်တဲ့ ငွေရောင်လော့ကတ်သီးလေး ရှိနေခဲ့တယ်။

သူမရဲ့စျာပနမှာ ငါဟာ အဲ့ဒါကို ဝတ်ဆင်ခဲ့ပြီးတော့ သူမဓါတ်ပုံရှေ့မှာ ကတိပေးခဲ့တယ်။

"ကိုယ် ဒီဟာကို တစ်သက်လုံး ဆွဲထားပါ့မယ်"

သို့သော်လည်း တစ်နှစ်တောင်မကြာသေးခင်မှာ ငါဟာ လော့ကတ်သီးကို ပျောက်သွားခဲ့တယ်။

******

ငါရေကူးနေခဲ့တယ်။ ငါရေထဲ မဆင်းခင်အထိ လည်ဆွဲက ငါ့လည်ပင်းမှာ တွဲခိုနေတုန်းပဲ။အချိန်အနည်းငယ်ကြာပြီးနောက်မှာ လည်ဆွဲက ပျောက်ဆုံးသွားခဲ့တာ။

ငါ ကျန်းမုကို ဖုန်းဆက်လိုက်တယ်။ သူက သူ့ရဲ့အစည်းဝေးပွဲကို နောက်ဆုတ်ပြီးတော့ အပြေးရောက်လာတယ်။ ငါတို့တွေ ရေကူးကန်ရဲ့အောက်ခြေကို တစ်နေကုန်ရှာခဲ့ပေမယ့် လော့ကတ်သီးကို ရှာမတွေ့ခဲ့ကြဘူး။

ရေကူးကန်အစနဲ့အဆုံးကို ၁၂ခါကျော်ကျော်လောက် ရေကူးပြီးသွားတဲ့အခါ ကျန်းမုက ကောက်ချက်ချလာတယ်။

"ချန်းချီ...ရေကူးကန်က ဒီလောက်သေးတာ။ မင်းလော့ကတ်သီးက ခြေပေါက်ပြီး ထွက်ပြေးသွားတာများလား"

ကျန်းမုက ငါကလေးဘဝကတည်းက ငါနဲ့အတူကြီးပြင်းလာတဲ့ ငါနဲ့လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းကြီးပဲ။မူကြိုကနေ ကောလိပ်ထိ ငါတို့က တစ်ကျောင်းတည်းတက်ခဲ့ကြတာ။ငါတို့ရဲ့ သံယောဇဥ်က နက်ရှိုင်းလွန်းလို့ တစ်ယောက်အတွင်းခံကို တစ်ယောက်ယူဝတ်ကြတဲ့အထိပဲ။ဒါပေါ့ ပြန်ပေးဖို့တော့ ငါဘယ်တုန်းကမှ မပြောခဲ့ပါဘူး။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now