နံပါတ်စိမ်း - Part 5(End)

2.3K 412 45
                                    

Unicode


ရှဲ့မြန်က ချူကျန်း၏....အခြေအနေကို သတိမထားမိလိုက်ပေ။ သူက ခပ်လွယ်လွယ်ပင် ဖုန်းပိတ်ကာ ထိုအကြောင်းကို အတွေးရပ်ပစ်လိုက်သည်။

ကူညီဖို့အကြောင်းကို မေ့လိုက်တော့။ကံအကြောင်းတရားအတိုင်း ထားလိုက်တော့မယ်။

ယင်းက သူပြောချင်သည့်အရာတွေပင် ဖြစ်ချေသည်။ သို့သော်လည်း ရှဲ့မြန်သည်နောက်ရက်အနည်းငယ်အကြာမှာ ဖုန်းကို ဖွင့်ထားလိုက်ပါသေး၏။

နောက်တော့ ဖုန်းသည် ရုတ်တရက်ကြီး နိုတီတွေနှင့် တရစပ်ဝင်လာသည်။ တစ်ဆက်တည်းပို့နေသည်မှာ ထိုလူက ခုချိန်မှာ ရှဲ့မြန်ကို အရာအားလုံးမပြောလိုက်ရလျှင် သေသွားတော့မည့်အလား။

သို့သော်လည်း ရှဲ့မြန်ကတော့ ကြည့်ချင်စိတ်မရှိတော့။ ထိုလူက ထိခိုက်ခံစားနေရတာကိုတော့ သူသိပါ၏။ သို့ငြား သူလည်း တတ်နိုင်တာဘာမျှမရှိချေ။ ထိုလူက သူနှင့် ပူးပေါင်းလိုစိတ်မရှိဘဲ သူ့ယောက်ျားကိုသာ ကိုယ်ရောစိတ်ပါနှစ်၍ အညံ့ခံချင်နေသည်လေ။ သူက ဘာများတတ်နိုင်ဦးမည်နည်း။

သူသိချင်စိတ်မရှိလျှင်တောင်မှ ထိုလူ၏ စာထဲကနေ အများအပြားကို သိနေရသေး၏။ ဥပမာအားဖြင့် သူ့ယောက်ျားက သူ့ကို သွေးဆောင်ဖို့ အစားအသောက်တွေကို ဘယ်လိုသုံးလဲ ဆိုတာမျိုး၊ အလွန်အကျူးဖြစ်သည့် ဂိမ်းတွေကို ဘယ်လိုကစားလဲ ဆိုတာမျိုး။

သူ့ယောက်ျားက သူ့ကိုချစ်တယ်လို့ပြောဖို့အတွက် နာကျင်မှုတွေအများကြီးကို ခံစားရကြောင်း၊ သူဗီလာမှာ ဘယ်လိုတွေနေနေရကြောင်း၊ သူ့ယောက်ျားက သူ့ဆီနေ့တိုင်းလာတွေ့ကြောင်းနှင့် စိတ်ဖိအားတွေ ခံစားနေရကြောင်း၊ သို့ပေမဲ့ သူကတော့ အရာအားလုံးက ပုံမှန်ပါပဲဟု တွေးကြောင်း။

ရှဲ့မြန်သည် စိတ်အနှောင့်ယှက်ဖြစ်ပေမဲ့လည်း သူထပ်ပြီး စာမပြန်ဖြစ်တော့ပါချေ။

*******

ကောလိပ်ဝင်ခွင့်မတိုင်မှီ သုံးရက်မြောက်နေ့တွင် ချူကျန်းက သူ့အိမ်မှာ စိတ်ပြေလက်ပျောက် ဂိမ်းကစားကြဖို့ ဖိတ်ခေါ်သည်။ ရှဲ့မြန်လည်း ငြင်းစရာမရှိတာကြောင့် သဘောတူလိုက်၏။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now