လော့ကတ်သီး - Part 2

1.5K 310 0
                                    

Unicode


လွန်ခဲ့တဲ့ ခြောက်လလုံး ငါဟာ အိမ်မက်တစ်ခုတည်းကိုပဲ မကြာခဏမက်နေခဲ့တယ်။အိမ်မက်ထဲမှာ ကျားလင်က သူမ မသေခင်ကဝတ်ထားတဲ့ အဖြူရောင်ဂါဝန်လိုမျိုး ပုံစံကိုဝတ်ထားတယ်။သူမက ငါ့လည်ပင်းမှာ လော့ကတ်သီးကို ဆွဲပေးရင်း နားနားမှာ တိုးတိုးလေးကပ်ပြောတယ်။

" ရှင်ဒီဟာကို တစ်သက်လုံး ဝတ်ထားဖို့ မမေ့ရဘူးနော်"

ဒါပေမယ့် ငါ လော့ကတ်သီးကို ဆုံးရှုံးလိုက်ရပြီ။

****

"ထားလိုက်ပါတော့ ထပ်ရှာမနေနဲ့တော့"

ငါသက်ပြင်းချလိုက်တယ်။

ကျန်းမုက ရေထဲကနေ တွယ်တက်လာရင်း ငါ့လက်ထဲက တဘတ်ကိုဆွဲယူကာ ငါ့မျက်နှာကို သုတ်ပေးရင်း ပခုံးကိုပုတ်တယ်။

"လက်ဝတ်ရတနာဆိုင်ကိုသွားပြီး တစ်ပုံစံတည်းတူတဲ့ဟာကို သွားဝယ်ရအောင်။ ငါ မင်းကို ဝယ်ပေးမယ်"

တူနိုင်ပါဦးမလား။ ငါမျက်ဆံသာ လှန်ပြလိုက်တော့တယ်။

ကျန်းမုက စိုရွဲနေတဲ့ခန္ဓာကိုယ်နဲ့အတူ ငါ့နားကိုကပ်လာတယ်။ ငါ မျက်မှောင်ကြုံ့ရင်း နောက်ဆုတ်လိုက်တယ်။

"ဘာလဲ"

"ငါပြောမယ် သားကြီး"

သူက လက်ညိုးကိုဆန့်ထုတ်ကာ ငါ့လည်ပင်းမှာ တွဲလဲခိုနေတဲ့အရာတစ်ခုကို ချိတ်ယူလိုက်တယ်။သူ့နှုတ်ခမ်းထောင့်စွန်းက မဲ့သွားတယ်။

"ဒါဘာလဲ"

ငါ ငုံ့ကြည့်လိုက်တော့ လည်ပင်းပေါ်က ငွေရောင်လော့ကတ်သီးလေးကို တွေ့လိုက်ရလေတယ်။

အရာရာတိုင်းက ငါ့ရဲ့နမော်နမဲ့နိုင်မှုတွေကြောင့်ချည်းပဲ။ညဘက် အိမ်ပြန်လာတော့ ဒီလိုအမှားမျိုး ထပ်ဖြစ်မှာကို ကာကွယ်ဖို့အတွက် ငါ လော့ကတ်ကို ဆွဲချွတ်ပြီး အိပ်ရာဘေးနားက စားပွဲရဲ့အောက်ဆုံးထပ်က အံဆွဲထဲကိုထည့်ကာ သော့ခတ်ပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ ငါအိပ်ရာကနေနိုးပြီး သွားတိုက်ဖို့ ထလိုက်ချိန်မှာပဲ ငါ့လည်ပင်းမှာ တွဲလောင်းကျနေတဲ့ လောကတ်သီးကို တွေ့လိုက်ရတော့တယ်။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now