ပျောက်ဆုံးမှု -Part 1

1.8K 322 1
                                    

Unicode

သွမ့်ချီ ခုလေးတင် သူ့ရဲ့ ဘလူးတု နားကြပ်တွေ ပျောက်သွားတယ်။ သူအဲ့ဒါတွေကို ကုလားထိုင်ပေါ်မှာ တင်ထားခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမှတ်မိနေပေမဲ့ ရေချိုးခန်းကနေ ပြန်လာတဲ့အချိန်မှာ ပျောက်ဆုံးသွားခဲ့ပြီ။

သူ တစ်ခန်းလုံးကို စေ့စေ့စပ်စပ် လိုက်ရှာပေမဲ့ ခုထိမတွေ့သေးဘူး။

သွမ့်ချီက သိပ်ချမ်းသာတာမဟုတ်ဘူး။ဒီ နားကြပ်တစ်စုံစာက ယွမ် ၃၀၀ကျော်တယ်။ အဲ့ဒါက သူ့အတွက်တော့ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတစ်ခုအဖြစ် ယူဆလို့ရနေပြီ။ နောက်ထပ်ဝယ်ဖို့ သူ့မှာ ပိုက်ဆံကလည်းရှိတော့တာမဟုတ်ဘူး။

ရုတ်တရက်ဆိုသလိုပဲ သူ့အမေပြောဖူးတာကို သတိရသွားတယ်။ ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုရှာဖို့ သေချာတဲ့နည်းလမ်းတစ်ခုအကြောင်းလေ။

သူမပြောတာက တကယ်လို့သူသာ ဧည့်ခန်းထဲမှာ ကြောင်တွေအတွက်သင့်တော်တဲ့အစားအစာနည်းနည်းပါးပါးထည့်ပေးပြီး ကြောင်တစ္ဆေကိုသာ ခေါ်လိုက်ရင် ကြောင်တစ်ကောင်က ပေါ်လာပြီးတော့ သူပျောက်နေတဲ့ပစ္စည်းကို ရှာပေးလိမ့်မယ်တဲ့။

ဒါပေါ့။ သွမ့်ချီက အရင်ကတော့ အဲ့လိုနည်းမျိုးကို ဘယ်တော့မှ မယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့လည်း ခုချိန်မှာတော့ သူစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

သွမ့်ချီက ဧည့်ခန်းထဲမှာ ပန်းကန်နှစ်လုံးချကာ အစာခြောက်တွေရယ်၊ ငါးခြောက်ရယ်နုတ်နုတ်စင်းထားတဲ့ ကင်းမွန်တွေရယ် တစ်လှေကြီး ဖြည့်ထားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ပန်းကန်နှစ်လုံးက အစာတွေနဲ့ မို့မို့မောက်မောက်ဖြစ်သွားတယ်။

သူ ပါးစပ်ကနေ ထုတ်ခေါ်လိုက်တယ်။

"ကြောင်တစ္ဆေရေ..အိုး ကြောင်တစ္ဆေရေ...မင်းရဲ့ဝိညာဥ်စွမ်းအားကို အမြန်ပြပေးပါတော့...."

သိပ်မကြာခင်မှာပဲ သွက်လက်ဖြတ်လတ်တဲ့ကြောင်နက်တစ်ကောင်က အလင်းရောင် တဖျတ်ဖျတ်နဲ့အတူ ပေါ်လာတယ်။ သူက ပြတင်းပေါက်ဘောင်ကနေ ခုန်ချလာပြီးတော့ သွမ့်ချီရဲ့အခန်းထဲကို တန်းပြေးလာတယ်။ ပန်းကန်နှစ်လုံးစာဖြည့်ထားတဲ့ အစာတွေကို လျစ်လျူရှုထားပြီးတော့ပေါ့။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz