ပျောက်ဆုံးမှု -Part 4(End)

2.2K 382 15
                                    

Unicode

ကြောင်နက်က ရပ်တန့်သွားရင်း သူ့ထံ တစ်ချက်အော်လာတယ်။သွမ့်ချီလည်း နားလည်နေတဲ့အလား အာရုံစိုက်နားထောင်ပေမဲ့ တကယ်တမ်းကျ နားမလည်ဘူး။

ကြောင်နက်က ထပ်မံအော်မြည်ပြန်တယ်။ သွမ့်ချီ နောက်ဆုံးတော့ နားလည်သွားပြီ။ သူက လက်ကိုမြှောက်ကာ ပန်းကန်လုံးကို ခေါင်းပေါ်တင်လိုက်တယ်။ အဲ့ဒါက အပိုအလိုမရှိ ကွက်တိစွပ်မိနေတယ်။

သူ လက်ချောင်းနဲ့အနည်းငယ် ပွတ်ကြည့်လိုက်တော့ ပန်းကန်လုံးက အတုန်တုန်အယင်ယင်ဖြစ်လာပြီး ပစ္စည်းအများအပြားက အဲ့ထဲကနေ တွဲလောင်းကျလာတယ်။ သူလက်နဲ့မ,ယူကြည့်လိုက်တော့ သန့်စင်တဲ့ပုလဲဖြူဖြူတွေဖြစ်နေတာကို မြင်လိုက်ရတော့တယ်။

ဗုံနဲ့မောင်းတွေ တီးသံဟာ တဖြည်းဖြည်းနီးလာပြီးတော့ အနီရောင်မင်္ဂလာဝတ်စုံကြီးကိုဝတ်ထားတဲ့ ခံ့ခံ့ညားညားလူငယ်တစ်ယောက်ဟာ ဒေါင်ကောင်းကောင်းနဲ့မြင်းတစ်ကောင်ကို စီးနင်းလာရင်း မြင်ကွင်းထဲမှာပေါ်လာတယ်။

ထိုလူဟာ အတော်အရပ်ရှည်တယ်။ မယုံနိုင်စရာကောင်းအောင် မျက်လုံးတွေကမဲနက်နေပြီး သွမ့်ချီကို စိုက်ကြည့်နေတယ်။အဲ့ဒီအကြည့်က သူ့ဝိညာဥ်ထိ ထိုးဖောက်လာပြီး လူတစ်ကိုယ်လုံးကပါ မျက်လုံးနက်ထဲ နစ်ဝင်သွားတော့မလားပဲ။

အဲ့ဒီအချိန်မှာပဲ မရေတွက်နိုင်အောင်များပြားတဲ့ အရိပ်တွေက နောက်ကနေ တစ်ခုပြီးတစ်ခုပေါ်လာကာ သွမ့်ချီကို ဝန်းရံလာပြီး သူ့ကို မင်္ဂလာဝေါယာဥ်ပေါ်ကခုံမှာ ထိုင်စေလိုက်တယ်။

သွမ့်ချီ ခေါင်းမော့ရင်း ဘေးဘီဝဲယာကိုကြည့်လိုက်တယ်။ ဘယ်အချိန်ကမှန်း မသိလိုက်ရပါဘဲ သူဝတ်ထားတဲ့ တီရှပ်နဲ့ဘောင်းဘီတိုလေးဟာ အနီရောင်မင်္ဂလာဝတ်စုံအဖြစ်ပြောင်းလဲသွားပြီ ဖြစ်တယ်။

&&&&&&&&&&&&&&

သူ့သားရဲ့ မက်ဆေ့ကိုမြင်တော့ အမေဖြစ်သူက စာပြန်လိုက်တယ်။

{ဘာ ကြောင်တစ္ဆေလဲ။ အမေဘယ်တုန်းကမှ အဲ့လိုမပြောဘူး။ မင်း အွန်လိုင်းက မဟုတ်တရုတ်တွေများ ဖတ်နေတာလား}

You've reached the end of published parts.

⏰ Last updated: Jul 11, 2022 ⏰

Add this story to your Library to get notified about new parts!

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now