ပျောက်ဆုံးမှု - Part 2

1.5K 336 4
                                    

Unicode

ကြောင်နက်က ကျေနပ်သွားသလို အသံတစ်ချက်ပြုလာတယ်။

သွမ့်ချီ ရယ်မောလိုက်တယ်။ သူက ကြောင်နက်ကို ဦးဆောင်ခိုင်းလိုက်ရင်း အစာတွေလိုက်ပို့ဖို့ နောက်က လိုက်လာလိုက်တယ်။

ပထမတော့ သူဟာ ဒီလမ်းတွေကို ရင်းနှီးနေသေးတယ်။ဒါပေမဲ့ကြာလာတော့ လမ်းက ပိုပိုဝေးလာတယ်။ ကြောင်နက်က ခေါင်းလှည့်လာရင်း သူ့ဆီ မြောင်လို့ အသံပြုလာတယ်။

သွမ့်ချီက အဲ့ဒီအဓိပ္ပါယ်ကို တစ်နည်းနည်းနဲ့နားလည်လိုက်တယ်။ အဲ့ဒါက သူ့ကို ခေါင်းငုံ့ထားပြီး ချောင်းမကြည့်ဖို့ပြောနေတာ။

သွမ့်ချီ တခွိခွိရယ်ရင်း တိုးတိုးလေး ပြောလိုက်တယ်။

"အဲ့ဒါက လျို့ဝှက် ငှာနချုပ်လိုမျိုးလား"

ကြောင်နက်က မတုံ့ပြန်ဘူး။ဒီတော့ သူလည်း ပါးစပ်ပိတ်လိုက်ရတယ်။ သူ လိမ်လိမ်မာမာနဲ့ပဲခေါင်းငုံ့ထားရင်း ဘေးဘီကို မကြည့်ရဲတော့ဘူး။

သူက လမ်းလျှောက်နေရင်းနဲ့မှ နားထဲမှာ ရုတ်တရက်ဆိုသလို ကျယ်လောင်တဲ့ဆူညံသံတွေ ကြားလိုက်ရတယ်။ သွမ့်ချီက မော့ကြည့်ဖို့ လုပ်လိုက်ပေမဲ့ ကြောင်နက်က ချက်ချင်း သတိထားမိသွားတယ်။

သူက သတိပေးတဲ့အနေနဲ့ တစ်ချက်အော်လိုက်တယ်။ အဲ့ဒီတော့ သွမ့်ချီလည်း ခေါင်းဆက်ငုံ့ထားရင်း လမ်းဆက်လျှောက်ဖို့သာ တတ်နိုင်တော့တယ်။ သူ့အနေနဲ့ ဒီကြောင်နက်ရဲ့ ဩဇာအာဏာကို စိန်ခေါ်ဖို့ မကြိုးစားဝံ့ဘူးလေ။

ခဏလောက်ကြာတော့ သွမ့်ချီဟာ ခြေဗလာတစ်စုံက သူ့မြင်ကွင်းထဲပေါ်လာတာကို မြင်လိုက်ရတယ်။အဲ့ဒီခြေထောက်က ဖြူလျော်ပြီး ဖွေးဆုတ်နေတာများ အရေပြားအောက်က သွေးကြောတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ကြောင်နက်က အဲ့ဒီလူရဲ့ခြေထောက်ကို ပွတ်သပ်ရင်း သွမ့်ချီကို အသံပြုကာ ခေါ်လိုက်တယ်။ သွမ့်ချီလည်း ဒါက အစာနှစ်ခွက်ကို ချခိုင်းတာပဲဆိုတာ သိလိုက်တယ်။ သူက အနီးနားက စားပွဲကို တစ်ချက်ကြည့်ရင်း အဲ့ဒီပေါ်မှာ တင်ထားလိုက်တယ်။

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Donde viven las historias. Descúbrelo ahora