နံပါတ်စိမ်း - Part 2

2.1K 363 8
                                    

Unicode

ရှဲ့မြန်၏ခေါင်းထဲမှာ ရှုပ်ထွေးသွားသည်။ သူမေးလိုက်၏။

{မင်းအသက်က ဘယ်နှစ်နှစ်လဲ}

{အသက်လား။ ဟိုတလောက ငါ့ယောက်ျားက ငါ့ရဲ့ ၂၈နှစ်မွေးနေ့ကို ကျင်းပပေးတယ်။ ငါက ဒီနှစ် ၂၈နှစ်။ ငါ့ယောက်ျားကပြောတယ်။ ငါက အိုလာပြီတဲ့။ သူ ငါ့ကို လွှင့်ပစ်ချင်နေတာ။ ဘယ်လိုလုပ်ရမလဲ အိုင်း..ထားပါလေ}

ရှဲ့မြန် မျက်မှောင်တင်းတင်းကြုတ်မိသွားသည်။ သူ ဖုန်းကိုယူရင်း ရဲကိုခေါ်လိုက်၏။ မကြာခင်မှာပင် ရဲတွေရောက်လာသည်။ရှဲ့မြန်ကသူတို့ကို မက်ဆေ့တွေပြလိုက်၏။ ရလာဒ်အနေဖြင့်ရဲသားကြီးဟာ မျက်နှာထားထားတည်တည်ဖြင့် သူ့ထံစကားဆိုလာခြင်းပင်။

"ကောင်လေး သတင်းမှားကိုတိုင်တာက ဥပဒေအရ အရေးယူလို့ရတယ်နော်"

"ခင်ဗျား သူပို့ထားတဲ့မက်ဆေ့တွေ မမြင်ရဘူးလား"

ရဲတပ်ဖွဲ့ဝင်တွေက ခေါင်းတွေခါယမ်းပြကုန်သည်။ ထိုအခါမှ ရှဲ့မြန်သည် ထိုသူပို့သောမက်ဆေ့များကို သူတစ်ယောက်တည်းသာမြင်နိုင်သည်ဆိုတာကို သိလိုက်ချေတော့သည်။

သူကသတင်းမှားအတွက် ခေါ်ခဲ့သည်ဟု ယူဆရသော်ငြား ရဲအရာရှိတွေကတော့ ရှဲ့မြန်က အတော်လေးစိတ်လှုပ်ရှားပုံပေါက်နေသည့် အထက်တန်းကျောင်းသားတစ်ယောက်ဟု မြင်ကြသည့်အတွက် သူဟာ ဖိအားများလွန်းပြီး ထင်ယောင်ထင်မှားဖြစ်ရှာသည်ဟု တွေးကြကာ အရေးမယူကြတော့ချေ။ထိုအစား သူတို့က သူ့ကိုအိမ်ပြန်ကာ အနားယူစေလေသည်။

ရဲတွေထွက်သွားသည့်နောက် ရှဲ့မြန်သည် ဖုန်းကိုစိုက်ကြည့်ရင်း နားလည်ရခက်စွာ ဒေါသထွက်လာတော့သည်။

******

ကျောင်းပြန်ရောက်သည်နှင့် ရှဲ့မြန်သည် ချူကျန်းအား သူ၏ မက်ဆေ့ရီကော့ဒ်တို့ကိုပြကာ မေးလိုက်၏။

"မင်း ဒီမက်ဆေ့တွေကို မြင်ရလား"

ချူကျန်းက သူ့ဖုန်းကိုကိုင်ထားရင်း ပြန်မေးသည်။

"ဘာကိုမြင်ရမှာလဲ။ မင်းအမေက မင်းကိုမက်ဆေ့ပို့ထားလို့လား"

နံပါတ်စိမ်း(Unknown Number)[ဘာသာပြန်]Where stories live. Discover now