5

8.4K 902 91
                                    

Unicode

စနေ တနင်္ဂနွေ နေ့တွေကို နေကြည်အလင်းဆိုင် က သိပ်ကို မုန်းပါတယ် ။

မြင်နေကျ အချစ်ဦး မျက်နှာလေးကို နှစ်ရက်ကြီးများတောင်  မမြင်ရတာ သူ့အတွက် တော့ ငရဲကျနေသလိုပါပဲ  ။

အကြောင်း မရှိအကြောင်း ရှာပြီး မီးပွိုင့် အနားကို ခဏခဏသွားလွန်းလို့ လည်း မေကြီး ရော ဖေကြီး ကပါ သူ့ကို မျက်စိတွေ တအားနောက်နေပြီ ။

ခဏခဏသွားတာတောင် အဏ္ဏဝါ့ အရိပ်ယောင်လေးတောင်  သူမတွေ့ခဲ့ရဘူး ။

နှစ်ကိုယ်ခွဲလို့များ ရရင် သိပ်ကောင်းမှာ
အဏ္ဏဝါ ဘယ်သွားသွား နောက်ကနေ တစ်ကိုယ်ကို   လိုက်သွားခိုင်းလို့ရသေးတယ်  ။

" နေ့တိုင်း တနင်္လာနေ့ တွေချည်း ဖြစ်ပြီး ကျောင်းနေ့တိုင်း တက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ "

ဖေကြီးနဲ့ မေကြီး ကို ကြည့်တော့လည်း စကား တပြောပြောနဲ့ ဘာတွေသဘောကျနေကြမှန်း မသိ ။

ဖေကြီး ပြောနေတာတွေကို မေကြီး က သဘောတကျရယ်ပြီး ရှက်ပြုံးလေးပြုံးနေပြန်ပါရော ။

" နေဖင်ထိုးနေပြီ ဆိုင်ဆိုင် အိပ်ယာထတော့ "

" နေဖင်မထိုးအောင် ကျွန်တော် ဖင်ကို ဟိုဘက်ရွှေ့လိုက်မယ် မေကြီး "

" နေကြည်အလင်းဆိုင် "

ခေါင်းပေါ်ကို မေကြီး လက်သီးဆုပ်က ဂွက်ခနဲပင် ။

" ဗျာ  ထပြီ ထပြီ လို့ "

သူ နိုးနေတာ အစောကြီး ထဲက ဟာကို ဒီအတိုင်း မထချင်လို့ အိပ်ယာထဲ လှဲနေတာ မေကြီးက သိလည်း မသိဘဲ ။

" မနက်စာ စားပြီး အဟောင်းပြင်ဆိုင် ဘက်ခဏသွားထိုင်ပေး ပြီးရင် ဖေကြီး လိုက်လာလိမ့်မယ် ဆိုင် "

" ဘာလို့ ပြီးကျမှ လိုက်လာမှာလဲ အခုလိုက်လို့ မရဘူး လား  "

" ဖေကြီး နှုတ်ခမ်းမွှေးတွေ နည်းနည်း များနေလို့ပါ ဆိုင်ရာ ။ မင်းအမေက သူရိတ်ပေးမယ်ပြောနေလို့ ဖေကြီး လည်း ခိုင် အားတုန်းလေး ရိတ်ခိုင်းဖို့ပါ "

တစ်ခါတလေတော့လည်း ဖေကြီး နဲ့ မေကြီး ကို ဆိုင် သိပ်ကို အားကျပါသည် ။

 အချစ်ဦး ပုံပြင် Where stories live. Discover now