Unicode
ဘယ်သူမှ မရှိတဲ့ ဆေးရုံက အခန်းငယ်လေးထဲမှာ ဆိုင် တစ်ယောက် ထဲသာ ။ ဖေကြီးကိုလည်း ပြန်လွှတ်လိုက်ပါတယ် ။ အထီးကျန်သည့်စိတ်ကြောင့် လူက ငေးငေးငိုင်ငိုင် လေးဖြစ်နေတာမို့ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကို လှမ်းငေးနေမိသည် ။
သွားလာလှုပ်ရှားနေကြတဲ့ ဆရာဝန်တွေရယ် လူနာတွေကို စောင့်ပေးနေတဲ့ သက်ဆိုင် သူတွေရယ် ။ အကုန်လုံး အဖော် ရှိကြတယ် သူတစ်ယောက်ထဲ ပဲ အဖော် မရှိတာ ။
" အဏ္ဏဝါ "
သူရှိရာ ကို ပြုံးပြီး မော့ကြည့်နေသည့်
အချစ်ဦး လေး ။ သူပဲ ထင်နေတာများလား အဏ္ဏဝါ ပြုံးနေပေမဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ ရှိနေတယ် ။" မဟုတ်လောက်ပါဘူး ပုံရိပ်ယောင်ပဲ ဖြစ်မှာပါ "
အဏ္ဏဝါ က သူ့ဆီကို လာမှာ မဟုတ်တော့ဘူး ဘယ်တော့မှ ပဲ ။
ပြတင်းပေါက် ကို ပိတ်ကာ ကုတင်ပေါ် ပြန်တက်လှဲနေလိုက်သည် ။
လူရော စိတ်ရောက နွမ်းလျလျရယ်ပါ ။
" နေကြည်အလင်းဆိုင် "
" ဗျာ "
အခန်းထဲကို တာဝန်ရှိသည့် ဦးလေးကြီး တစ်ယောက် ဝင်လာကာ သူ့ကို လာထူပေးသည် ။
" အပြင်မှာ မင်းနဲ့ တွေ့ချင်လို့ လူတစ်ယောက် ရောက်နေတယ် "
ဒါဆို သူ့ကို အဏ္ဏဝါ လာတွေ့တာလား ခုနက မြင်တာ ပုံရိပ်ယောင် မဟုတ်ဘူး ပေါ့ ။
" ကျွန်တော် မတွေ့ချင်ဘူး လို့ ပြောပေးပါ ဦးလေး "
" မင်းထွက်မလာမချင်း သူအဲ့ဒီနေရာမှာပဲ စောင့်နေမှာလို့ မှာလိုက်တယ် နေကြည်အလင်းဆိုင် "
" ကျွန်တော် "
" ထွက်တွေ့လိုက်ပါ မနက်ဖြန်ဆို တွေ့ဖို့ မလွယ်တော့ဘူး ကောင်လေး "
တာဝန်ရှိတဲ့ ဦးလေးကြီးကို သူ ခေါင်းငြိမ့်ပြလိုက်မိလား မသိ ။
တစ်ကယ်ပဲ သူ့မှာ မနက်ဖြန်ဆို တာ မရှိတော့ဘူး ။
" ဒါဆို ကျွန်တော် စကားခဏသွားပြောမယ် "