24

6.1K 552 121
                                    

Unicode

သုံးယောက် သား ဧည့်ခန်းထဲ မှာ ထိုင်နေကြပေမဲ့ Position ကတော့ မတူ ။ နိုဗီက တစ်ယောက်ထဲ သက်သက် ထိုင်နေတာ ဖြစ်ပြီး ဆိုင်ကတော့ ကိုကို့ ကို မှီထားကာ စားပွဲပေါ် ခြေထောက်တင်ထားပြီး ပျင်းပျင်းရိရိနဲ့ ပင်ထိုင်နေခြင်း ဖြစ်  သည် ။

အမှန်တိုင်းပြောရင် နေကြည်အလင်းဆိုင်ဆီ  အပျင်းတစ်နေသည့် စိတ်ကလေး ဝင်ရောက်နေခြင်းပင် ။

မိုးကအေးနေတော့ လူက ဘာမှ ကို လုပ်ချင်မနေဘူး။

" ကိုကြီး "

" ငါဘာလို့ မင်းကို ပြန်လှည့်ခေါ်လဲ သိမယ်ထင်တယ် "

" သိပါတယ် ဒါပေမဲ့ အဲ့ဒါက နိုနို့ အခန်းထဲ မှာ ကျန်ခဲ့တယ် ကိုကြီး "

ဒီကလေး သူ့ကို တစ်ကယ် ပေးလိုက်ဖို့ ရွယ်ထားတာများလား ။

ဒီလောက်ထိ လွယ်ကူနေမယ်လို့တော့ မထင်ထားဘူး ။

"ကိုကြီး တွေးနေတာ နိုနို သိတယ် ။ နိုနို တစ်ခု ပြောစရာ ရှိပါတယ် အဲ့သက်သေ ပစ္စည်း ကို အလကားတော့ မရပါဘူး ကိုကြီး က နိုနို တောင်းဆိုတာ ကို လက်ခံပေးမယ် ဆိုမှ နိုနို ပေးမှာပါ "

" ဘာလိုချင်တာလဲ မင်းမိဘတွေက သူဌေးတွေလေ သူတို့ ကို သွားပူဆာလေ ငါက ငါ့ယောကျာ်း လုပ်စာ ထိုင်စားနေရတဲ့သူ ချမ်းသာနေတာ မဟုတ်ဘူး "

ငါ့ယောကျ်ား ဆိုသည့် စကားကြောင့် အဏ္ဏဝါ ပြုံးချင်နေတာ ထိန်းမရတော့ ။ ထိန်းချုပ်ပြီး မျက်နှာကို တည်ထားလည်း စိတ်ထဲ မှာ ကျေနပ်မှုက တစ်သိန်းနှင့်အထက် ။

ဆိုင့် ဂုတ်ပိုးလေးကို ခပ်သာသာလေး နှိပ်ပေးလိုက် ခိုးနမ်းလိုက်သာ အဏ္ဏဝါ လုပ်နေလိုက်သည် ။

" နိုနို ကိုကြီး လုပ်ပေးနိုင်တာ ကိုပဲ တောင်းဆိုမှာပါ "

" ပြောကြည့်လေ "

" နိုနို့ကို ကိုကြီး ညီလေး အဖြစ် အသိမှတ်ပြုပေးရမယ် ဒါကို ကိုကြီး  သဘောတူရင် နိုနို အဲ့ ဒီ ပစ္စည်း ကို ပေးမယ် "

" မင်းနဲ့ ငါက ဘာမှ တော်မနေဘူး နိုဗီ ။ ပြီးတော့ မင်းသိတဲ့ အတိုင်း ဒါက ငါ့အတွက် ခက်ခဲတယ် "

 အချစ်ဦး ပုံပြင် Where stories live. Discover now