Unicode
Coffee ဆိုင်မှာချိန်းထားတာဖြစ်ပြီး သူတို့ ထက်ပင် တစ်ဖက်က မိန်းကလေးက ပင်အရင်ရောက်နေသေးသည် ။
သူခပ်တည်တည်ပင် ဆိုင့်လက်ကို ဆွဲကာ ဝင်ထိုင်လိုက်တယ် ။
" ရောက်ပြီလား အဏ္ဏဝါ "
" ဟုတ်ကဲ့ ဒါ ကျွန်တော့် အမျိုးသား ပါ မအမရာမောင်"
အကြည့်တစ်ချက်သာ ပို့လာပြီး မအမရာမောင်က Coffee ခွက်ကို ဆက်မွှေနေသည် ။
" တစ်ခုခု မှာလေ မင်းအတွက်ရော မင်း အမျိုးသား အတွက် ရော တို့က မင်း ဘာကြိုက်မှန်း မသိလို့ မမှာထားတာ "ဖြူဖွေးနေသော အသားအရည်ပေါ်မှာ အနက်ရောင် အင်ဒိုနီးရှား ပါတိတ်ဝမ်းဆက်ကို ဆင်ထားပြီး လက်ဝတ်ရတနာဆိုလို့
ပလကိတီနမ် ဆွဲကြိုးလေး တစ်ကြိုးသာ ဝတ်ထားပေမဲ့ ဒီအမရဲ့ အရှိန်အဝါ က မနည်းဘူးဆိုတာ ခံစားနေရပြီး အမရာမောင်ဆိုတဲ့ အမကို နေကြည်အလင်းဆိုင် ရှိန်နေမိသည် ။" နွားနို့နဲ့ ပူတင်းပဲ စားနော် ဆိုင် ကိုယ် သွားမှာပေးမယ် "
" ဟုတ် ကိုကို "
ကိုကို မုန့်သွားယူနေတုန်း ဆိုင် မနေတတ်စွာ ခေါင်းကို တင်းတင်းငုံ့ထားမိတယ် ။
ဘာအကြောင်းနဲ့ကို သူသိမ်ငယ်နေလဲ မသိ ပညာအရည်အချင်း ကြောင့်လား ဒါမှမဟုတ် သူ ဒီအမကို မယှဉ်နိုင်၍လား ။" မင်း တို့ ကို အဲ့လောက် ထိ ကြောက်နေစရာ မလိုဘူး ဆိုင် အင်း "
" နေကြည်အလင်းဆိုင် ပါ မမ "
သူ့ကို သူ မိတ်ဆက်ပြီး မှားသွားပြီ ဟု ခံစားလိုက်ရသည် ။ ဒီအမက သူ့ကို သဘောကြပါ့မလား ။ အစတုန်းက တော့ ကိုကို့ ဒယ်ဒီ ပေးတွေ့သည့် အမျိုးသမီး တစ်ယောက် က ပေါ့ပေါ့ပါးပါး ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းကလေး တစ်ယောက် လို့ သူထင်ထားခဲ့တာ ။ အခုတော့ မျက်စိရှေ့က အမျိုးသမီး က အများကြီး ရင့်ကျက်သည့်ဟန် ပေါက်နေသည် ။
" ခေါင်းကြီး အတင်း ငုံ့ထားစရာ မလိုဘူး ပြီးတော့ မင်း ဘာလို့ အဲ့လောက် သိမ်ငယ်နေရတာလဲ နေကြည်အလင်းဆိုင် "
" မမ "
သူ့စိတ်ကို သိသည့်အလား မေးခွန်းထုတ်လိုက်တာမို့ မျက်နှာပါ ပူတက်လာရတယ် ။