12

6K 537 105
                                    

Unicode

သူ့ဘေးမှာ ကွေးကွေးလေး အိပ်နေသော
ဆိုင့်အား အဏ္ဏဝါ ကြည့်နေမိသည်မှာ တစ်ညလုံး ပင် ဖြစ်သည် ။

ဆိုင့် နှလုံးသားက အေးစက်စက်   သူ့အပေါ်မှာ နေရောင်ကြည်လို ခပ်နွေးနွေးလေးရယ်  ။ သူများတွေနဲ့ မတူဘူး သူကြုံသလာရသမျှလူတွေထဲ ဆိုင်က အရိုးရှင်းဆုံး နဲ့ အစစ်မှန်ဆုံး သူ ။ သူ့အတွက် တော့ နေကြည်အလင်းဆိုင် က နှစ်ယောက်မရှိတဲ့သူ ။

နေကြည်အလင်းဆိုင် နဲ့ ခဏလောက် ခွဲရမည်ဆိုသည့် စိတ်က အဏ္ဏဝါ့ အတွက်  အဆင်တော့ မပြေ။ ဒါပေမယ့် ဖွားဖွား ခေါ်တာ ဖြစ်၍ မသွားလို့လည်း မရ ။

" သဲငယ် "

" အင်း "
အင်းလို့သာ ထူးတာ နိုးလာဆိုတော့ နိုးလည်း မနိုးဘူး ။

" နှုတ်မဆက်ဘဲ ကိုယ် သွားမှာမို့ သဲငယ်က စိတ်မဆိုးနဲ့နော် "

နဖူးလေးကို ခပ်ဖွဖွနမ်းတော့ ဆိုင် က  မျက်ခုံးလေးတွေ တွန့်သွားသေးတာ ။

မရည်ရွယ်ဘဲ  လုပ်လိုက်တဲ့  အပြုအမူ တစ်ခုချင်းစီ တိုင်း က မြတ်နိုးစရာ အတိ ။

နေကြည်အလင်းဆိုင် က ထောင်ချောက်ကလေး တစ်ခု ။

ပင်လယ်ပြာလေး  ကိုယ်တိုင် နစ်ဝင်ပြီး ရုန်းထွက်မရတော့တဲ့ ထောင်ချောက်ကလေး
ပါ တဲ့ကွယ် ။

" ကိုယ်ပြန်လာတာနဲ့ အရင်ဆုံး  ချစ်တဲ့အကြောင်း တွေ ဝန်ခံပါ့မယ် သဲငယ် "

စောင်သေချာခြုံပေး ခဲ့ကာ အဏ္ဏဝါ အခန်းထဲ ကနေ ထွက်လာခဲ့သည် ။

ဦးလေးနဲ့ ဆိုင့်မေမေကို နှုတ်ဆက်ပြီး ညီမလေး ကိုလည်း လိမ်လိမ်မာမာ နေဖို့ သူမှာပြီးမှ ဖွားဖွား လွှတ်ပေးလိုက်တဲ့ ကားပေါ် တက်လာခဲ့လိုက်တယ် ။

ဘာလို့မှန်း မသိပေမဲ့ ဆိုင် တင် မဟုတ်ဘူး သူပါ စိတ်ထဲ လေးနေတာ ။
_________

" အဏ္ဏဝါ "

မျက်လုံးမဖွင့်ရသေးဘူး ဘေးကို အရင်ဆုံး ဆိုင် စမ်းကြည့်တော့ ဘာမှ မရှိ ။

" ထွက်သွားပြီလား "

ဒီလူဆိုးကောင်ကတော့ သူ့ကို တောင် မပြောသွားဘူး ။

 အချစ်ဦး ပုံပြင် Where stories live. Discover now