20

7K 579 128
                                    

Unicode

" ကိုကြီး "

သူ့ဆီ အပြေးလာပြီး အနားရောက်တာနဲ့ ဆိုင့် ကိုယ်ပေါ်ကို ခုန်တက်တာမို့ လန့်ပြီး လှမ်းထိန်းလိုက်ရတယ် ။

ကြွက်မြီးပုံစံ ဆံပင်ရှည်လေးနဲ့ ပါးကြီး တွေ မို့တက်နေကာ သူ့ကို ရယ်ပြနေပြန်သည် ။

" နိုဗီ ဆင်းစမ်း အဲ့ကောင်ပေါ်က "

ဦးထက်သာ စကားကို နားမထောင်ဘဲ သူ့ကို သာခပ်တင်းတင်း ဖက်ထားတာမို့ နေကြည်အလင်းဆိုင် အမြန်ဆွဲခွာကာ သဘော မကျသလို ကြည့်လိုက်သည် ။

" ကိုကြီး နိုနို့ကို သဘောမကျဘူးလားဟင် "

" ငါက မင်းကို သဘောကျရမဲ့ အကြောင်း ပြချက်ရှိသေးလို့လား "

နိုဗီ ဆိုတဲ့ ကောင်လေးရဲ့  မျက်လုံး ဝိုင်းဝိုင်းကြီးတွေကနေ မျက်ရည်တွေ ပြည့်လျှံလာတာမို့ ဦးထက်သာရော ဒေါ်ခိုင်ဖူးသွယ် ရော ပြာယာခတ်သွားပြန်တယ် ။

ဒီကလေး မျက်ရည်မကျသေးဘဲ ဝေ့နေတာတောင် ဒီလောက် ပြာယာခတ်နေကြတဲ့ သူတို့တွေက သူတို့ ကြောင့်ပဲ  နေကြည်အလင်းဆိုင်  နင့်နင့်သည်းသည်း ငိုခဲ့ရတုန်းက နည်းနည်းမှတောင် ကိုယ်ချင်းမစာပေးကြဘူးပဲ ။

" နိုနိုက ကိုကြီး ကို ချစ်တယ် လေ "

" ဆိုင်ဆိုင် မေကြီး တောင်းပန်ပါတယ် သား ညီလေးကို ငိုအောင် မလုပ်ပါနဲ့ "

" ဘယ်သူက ကျွန်တော့် ညီလေး ဖြစ်ရမှာလဲ ခင်ဗျား နောက်ယောကျ်ားနဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီးမှ ရတဲ့ကလေးကို ကျွန်တော်က ညီလေး အဖြစ် သတ်မှတ်ကမှာလား ဒေါ်ခိုင်ဖူးသွယ် "

တစ်ကယ်တမ်း စိတ်တိုစရာစကားတွေ ပါးစပ်က ပြောနေပေမဲ့ ဆိုင် ဝမ်းနည်းလိုက်တာ ။ သူလည်း ထောင်မကျရင် အဲ့အချိန်နွေမှာ ကလေးတစ်ယောက် လို အပူအပင်မရှိပျော်ပျော်ရွှင်ရွှင်နေရမှာ ။

ဒေါ်ခိုင်ဖူးသွယ် ကို ထည့်မတွက်ရင်တောင် အဟောင်းဆိုင်အိုလေးထဲ ဖေကြီး နဲ့ သူ နှစ်ယောက် ထဲရှိလည်း အဆင်ပြေအောင် နေလို့ ရခဲ့မှာ ။

ဖေကြီး သေရတာ သူတို့ ကြောင့်ပဲ ဟုတ်တယ် သူတို့ ယုတ်မာလို့ ဖေကြီး က အပြစ်မရှိဘဲ သေခဲ့ရတာ ။

 အချစ်ဦး ပုံပြင် Where stories live. Discover now