11

6.3K 598 91
                                    

Unicode

" ဒယ်ဒီ သွန်းသွန်း ကို  တစ်ကယ် ပြောနေတာ လား "

"  ကလေးကလား အလုပ်တွေဒယ်ဒီ မလုပ်ဘူး သွန်းသွန်း ။  "

ပျော်သည့်စိတ်က တစ်ဆတ်ထဲ ဝင်လာသလို ဒယ်ဒီ့ အကြောင်း သိသူပီပီ တစ်ခုခု ပြန်လုပ်ပေးရမယ် ဆိုတာ သွန်းသုသုသာ သိနေတယ် ။
" သွန်းသွန်း က ဘာပြန်လုပ်ပေးရမှာလဲ ဒယ်ဒီ "
" သမီးက သူ့ကို သဘောကျတာ မလား ဒါဆို ကျန်တဲ့ သူ့မိန်းမ ကို ဒယ်ဒီ့ဆီ ရောက်အောင် ပို့ပေးခဲ့လေ သွန်းသွန်း "

" ဘယ်လို "

ဒယ်ဒီ့ စကားကြောင့် သူခေါင်းရမ်းလိုက်မိလားမသိ ။ဒါကြီးက မဖြစ်နိုင်တာ ဒီလိုသာဆိုရင် နေကြည်အလင်းဆိုင် အပေါ်
ဘယ်တရားပါ့မလဲ ရူးများသွားမလားပဲ ။

" သေချာစဥ်းစား ပါ သွန်းသွန်း ဒယ်ဒီ တို့ ဒီမှာ ရှိနေတုန်း တစ်ယောက်ယောက် ကိစ္စ ကို အကောင် အထည်ဖော်ပြီးသား ဖြစ်အောင် လုပ်ရမယ် "

" ဒယ်ဒီ့အတွက် အများကြီး ရှိပါတယ် ။ သူ့အမေကိုတော့ လွှတ်ပေးပါ ဒယ်ဒီ "

သူ ဦးကို ချစ်ပေမယ့် ဒီလိုမျိုး ကြီး လုပ်ဖို့  တော့ စိတ်မပါ ။

ရဲတင်းနေတဲ့ စိတ်တွေဟာ လေဟာနယ်ထဲ လွင့်သွားသလားပဲ ဘယ်ရောက်သွားမှန်း ကို မသိ ။

" သွန်းသုသုသာ ဒယ်ဒီ လိုချင်ရင် သမီး ကို မကူညီဘဲလည်း ရအောင် ယူလို့ ရတယ် နော် နားလည်လား "

" မာမီ တစ်ယောက် ထဲနဲ့ တင် ဒယ်ဒီက မလုံလောက်သေးဘူးလား "

" မင်းတို့ မာမီ ကို ဒယ်ဒီ  တရားဝင် ကွာရှင်းတော့မှာ သွန်းသွန်း "

မာမီနဲ့ ကွာရှင်းပြီး ဦးတို့ အပေါ်  ဘာတွေ လုပ်ဖို့ ကြံနေတာလဲ ဒယ်ဒီ က  ။

" မလုပ်ပါနဲ့ ဒယ်ဒီ ။ သွန်းသွန်း သဘောမတူဘူးနော် "

ဟင့်အင်း သူတို့ ကြောင့်နဲ့ အေးချမ်းတဲ့ မိသားစု ဘဝလေးက ဘာလို့ ပျက်စီးရမှာလဲ ။
သူတို့ အတ္တကြောင့်နဲ့ ဦးတို့ မိသားစု က မဖြစ်ဘူး ။

" သွန်းသုသုသာ "

" သွန်းသွန်း  မြိုသိပ်နိုင်တယ် မဟုတ်ဘူး  ရအောင် မြိုသိပ်မှာပါ  ဒယ်ဒီ "

 အချစ်ဦး ပုံပြင် Where stories live. Discover now