Unicode
သူ့ရင်ခွင်ထဲ ငြိမ်သက်စွာ အိပ်ပျော် နေတဲ့ ခန္ဓာကိုယ် နွေးနွေးလေးကို အဏ္ဏဝါ ကားပေါ် တင်ပေးကာ နဖူးထက် အနမ်းတစ်ပွင့် ခြွေလိုက်သည် ။
" ချစ်တယ် သဲငယ် ။ ကိုယ် မင်းကို အချစ်ဆုံးပါပဲ "
အိပ်ယာနိုးလာလို့ သူ့ကို မတွေ့ရင် မျက်နှာလေး မဲ့ကာ ငိုသွားမဲ့ ဆိုင့် ပုံစံလေး ကို တွေးမိပြီး လူက နေလို့ မကောင်းတော့ ။
ဒါပေမဲ့ လည်း သူသည်းခံမှ ရမှာမို့ ရင်နာနာနဲ့ ပင် ဆိုင့်ကို လွှတ်ပေးရဦးမည် ။
" သူနိုးလာတာနဲ့ ကျွန်တော့်ကို မတွေ့ရင် နည်းနည်း တော့ ဂျီ လိမ့်မယ် အမ ။ စိတ်ရှည်ပေးဖို့ တောင်းဆိုပါရစေ "
" စိတ်ချပါ တို့ သူ့ကို သေချာစောင့်ရှောက်ပေးမှာပါ အဏ္ဏဝါ "
" တစ်နှစ်ပါပဲ အဲ့တစ်နှစ်ဆိုတဲ့ အချိန်ကာလလေးမှာ အမဆီ ကျွန်တော့် သူ့ကို စိတ်ချပါရစေ တစ်နှစ် ပြည့်တာနဲ့ ကျွန်တော် ကိုယ်တိုင် လာခေါ်မယ် "
" မင်းလည်း အစစအရာရာ ဂရုစိုက်ပါ အဏ္ဏဝါ ဆိုင့် အတွက် တို့ ကို လုံးဝစိတ်ချပါ "
" သွားတော့ အမ ဆက်ပြီးမြင်နေရရင် သူ့အပေါ် ကျွန်တော့် လောဘတွေ ထိန်းနိုင်မယ် မထင်တော့ဘူး "
သူ့ကို မအမရာမောင် က စိတ်မကောင်းသလို တစ်ချက်ကြည့်ပြီး ကားအဖြူလေးကို မောင်းထွက်သွားလေပြီ ။
" ဆိုင် ! "
အိမ်ကြီးရှင်လေး ထွက်သွားတာနဲ့ အိမ်ရဲ့ နွေးထွေးမှု အရိပ်ယောင်တွေအားလုံး ပျောက်ကွယ်သွားကာ အေးစက်စက် လေထုသာ ကျန်ရစ်တယ် ။
ဘဝထဲကို လူတစ်ယောက် ဝင်လာရင်သာမသိသာတာ ထွက်သွားရင်တော့ သိသိသာသာ ကြီးကို ကျန်ခဲ့တဲ့ လူမှာ အလူးအလဲရယ် ။ ဒါတောင် ဆိုင်က သူ့ကို အပြီး ထားခဲ့တာ မဟုတ် ။
အဏ္ဏဝါ အိပ်ခန်းထဲ အမြန်ပြေးဝင်ကာ သဲငယ် အငွေ့အသက်တွေ ရှိသည့် ခေါင်းအုံးနဲ့ စောင်လေးကို ထွေးပိုက်ကာ ငိုမိတော့သည် ။
ဆိုင်နဲ့ တစ်စက္ကန့် လေးတောင်မခွဲချင်တဲ့ သူ့အား ထပ်ပြီးတော့ နာရီပေါင်း 8760 ကြီးတောင် ခွဲထားလိုက်ပြန်ပြီ ။