Story intro

1.4K 38 10
                                    

အာညော်ပါနော် နာအိုတို့ မတွေ့တာတောင်ကြာပြီနော်။ဒီတစ်ခေါက် နာအို့ ဖန်တီးမှုလေးတွေကတော့ သံသရာစက်ဝန်း (Season 2)လေးပဲဖြစ်ပါတယ်ရှင့်။

တွေ့ဆုံခြင်း ခွဲခွာခြင်းတွေနဲ့ မပြတ်လည်ပတ်နေတဲ့ လောကကြီးမှာ တည်မြဲတဲ့အရာဆိုတာ မရှိပါဘူး။အဲ့အထဲမှာ ခွဲခွာခြင်းတွေလည်း အပါအဝင်ပေါ့။

အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရတဲ့ ဘုန်းရဲနဲ့သွယ်ဟာ သံသရာတစ်ကွေ့မှာ ပြန်တွေ့ကြပြန်ပါပြီ။

အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ပစ္စုပ္ပန်မှာသာရှင်သန်နေတဲ့ သွယ် အနားကို ဘုန်းရဲဆိုတဲ့ ကောင်လေးက တစ်ဖန်ရောက်လာပြန်သတဲ့။

အမှားတွေသိသွားတဲ့ ဘုန်းရဲက ဒီတစ်ခါ သွယ့်ကို လုံးဝလက်မလွှတ်တော့ပါဘူးတဲ့။

သွယ်ကရော ဘုန်းရဲကို ပြန်လက်ခံမှာလား???
ဘုန်းရဲကရော သွယ့်ရင်ခုန်သံတွေကို ဘယ်လိုလှုပ်နိုးမလဲ????

သိချင်နေကြရင်တော့ နာအိုနဲ့အတူ လိုက်ပါစီးမျောပေးပါရှင့်။

ဒါလေးက Season 2 မို့ စဖတ်တော့မယ်ဆိုရင် နာအို့ wallထဲက သံသရာစက်ဝန်း Season 1ကိုအရင်ဖတ်ဖို့ တောင်းဆိုချင်ပါတယ်။အဲ့တာမှ ဖတ်ရတာ ဇာတ်ကြောင်းနားမလည်မဖြစ်ဘဲ ဇာတ်ကွက်တွေကို လိုက်မှီအောင်လို့ပါ။

ဟို စုနဲ့ဝေယံရဲ့momentလေးတွေမြင်ချင်ပါတယ်ဆိုတဲ့တစ်ယောက်လည်း သူတို့အတွဲလေးကိုလည်း တကျိကျိရိုအုံးမှာပါနော်

ရှင်လေးတို့ရဲ့ ဘုန်းရဲ နဲ့ သွယ် updateတွေကို ရင်ခုန်ခုန်နဲ့ စောင့်မျှော်အားပေးကြပါအုံးရှင့်❤️









ဟို စုနဲ့ဝေယံရဲ့momentလေးတြွေမင်ချင်ပါတယ်ဆိုတဲ့တစ်ယောက်လည်း သူတို့အတွဲလေးကိုလည်း တကျိကျိရိုအုံးမှာပါနော်


သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now