အပိုင်း(၆)

476 32 29
                                    

Zawji

မနက်မိုးလင်း၍ မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် နေရောင်နွေးနွေးက အစိမ်းနုရောင်ခမ်းဆီးမြှဖတ်ကာ သွယ့်မနက်ခင်းကို ကြိုဆိုလျက်ရှိသည်။

အပြာနုရောင်ဝါဂွမ်းစောင်ကိုဖယ်လှပ်ပြီး ပြတင်းပေါက်သွားရပ်ကာ မနက်ခင်းလေပြေတို့၏ တိုက်ခက်မှုကိုခံယူရင်း ညကမေမေတို့ပြောသည့် လက်ထပ်သည့်ကိစ္စကိုတွေးနေမိသည်။

သွယ့်အတွက် လက်ထပ်ဖို့မဆိုသာဘဲ ယောက်ျားတစ်ယောက်ကို ချစ်ဖို့ဆိုတာပင် မဖြစ်နိုင်တော့ပါ။အတိတ်တွင်လည်း မည်သည့်ယောက်ျားကိုမှမဖြစ်ခဲ့ဖူးပါ။အချစ်နှင့် ကွဲလွဲသော်လည်း အလာသဏ္ဍန်တူသည့်အရာကိုသာခံစားဖူးပါသည်။

ယခုပစ္စုပ္ပန်တွင် သွယ့်နှလုံးသားသည် အချစ်ကိုလက်မခံနိုင်လောက်အောင်အေးခဲနေလေသည်။ရေခဲတောင်ထိပ်ရှိ ဆီးနှင်းများဖုံလွှမ်းနေသလို အချစ်ဟူသောအရာကို နှလုံးသားက မခံစားရပါဘဲ ထုံထိုင်းအေးစက်လျက်ရှိသည်။

Japanတွင် ရှိခဲ့သည့်အချိန်အတောအတွင်း သွယ့်ကိုချစ်ရေးဆိုလာသူများအား ရင်ခုန်ကြည့်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။သို့သော်ထိုကြိုးစားမှူကအရာမထင်ပါ။အချစ်ဟူသော အရာသည် ကျောက်သားဖြင့်ထုလုပ်ထားသော သွယ့်နှလုံးသားကို နူးညံ့ပျော့ပျောင်းလာအောင်မလုပ်နိုင်ပါ။

သွယ့်အသက်အရွယ်သည် အိမ်ထောင်ပြုလက်ထပ်သင့်သည့်အရွယ်ဖြစ်သော်လည်း ထိုကိစ္စကိုသွယ်နည်းနည်းလေးမှစိတ်မဝင်စားပါ။ရေသေတည်ငြိမ်လျက်ရှိသော သွယ့်အချစ်ပင်လယ်ကို လှိုင်းထန်လာအောင် ပြုလုပ်မိသူကမည်သူနည်း။

လှိုင်းထန်အောင်ပြုလုပ်မိသူမရှိလည်း ကိစ္စပါ။သွယ့်ဘဝတွင်ယောက်ျားမလိုအပ်ပါ။ဘဝလမ်းခရီးကိုအဆုံးထိသွယ်တစ်ယောက်တည်းလျှောက်လှမ်းနိုင်ပါသည်။လျှောက်လှမ်းရဲပါသည်။

ယခင်ကပြောခဲ့သလို ယောက်ျားတစ်ယောက်ဆိုတာ သွယ့်အတွက် စာအုပ်တစ်အုပ်မျှပင် စိတ်ဝင်စားဖွယ်မကောင်းပါ။

လေနှင်ရာလွင့်ဝဲသွားသော ကောင်းကင်ရှိတိမ်ဆိုင်တို့နှင့်အတူ အတွေးတို့ကိုမောင်းထုတ်လိုက်ရာ Akariyaသို့သွားရန် ရေချိုးခန်းထဲဝင်ခဲ့သည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now