အပိုင်း(၂)

557 50 29
                                    

Unicode

ထိုလူက meeting တံခါးကိုဘေးသို့ တွန်းဖွင့်ကာ ဟန်ပါပါခြေလှမ်းတို့ဖြင့် meeting room ထဲတစ်လှမ်းချင်းဝင်လာသည်။ မဲနက်တောက်ပြောင်နေသော လယ်သာဖိနပ်က ခြေလှမ်းတွေကို ပိုမိုအသက်ဝင်စေရာ ယုံကြည်မှုရှိရှိ ခြေတံရှည်များကို တစ်လှမ်းချင်းလှမ်းလာပြီး သွယ့်ဘေးဘက်ရှိ လွတ်နေသော ဦးထွန်းလှိုင်၏ နေရာတွင်ဝင်ထိုင်လိုက်သည်။

မထင်မှတ်ထားသည့်လူကို ရုတ်တရက်ကြီးတွေ့လိုက်ရ၍ သွယ့်မျက်ဝန်းတို့က အံ့သြသွားသော်ညား တခနအတွင်းမှာပင် အံ့သြရိပ်ကို ခပ်တည်တည်မျက်နှာလေးနှင့် ဖုံးအုပ်လိုက်သည်။

"မင်္ဂလာပါလူကြီးမင်းတို့ ကျွန်တော်ကဦးထွန်းလှိုင်ရဲ့ shareတွေကို ဝယ်လိုက်တဲ့ shareဝင်အသစ်ပါတွေ့ရတာဝမ်းသာပါတယ်"

မင်္ဂလာပါ လူကြီးမင််းဟူ၍ meeting roomထဲရှိ လူအားလုံးကို ခြုံငုံပြောသော်လည်း သူ့အကြည့်တွေကတော့ စားပွဲထိပ်ဆုံးတွင်ထိုင်နေသော အမျိုးသမီးလေးထံ၌ ဂျောက်ချထားမိသည်။

လွမ်းဆွတ်ခြင်းနှင့်ကြည်နူးခြင်းတို့ရောစွက်နေသော သူ့အကြည့်တို့ကို ထိုအမျိုးသမီးလေးကတော့ အသဲမာရက်စွာ အကြည့်တစ်ချက်မျှမစွန့်ကြဲပါဘဲ လျစ်လျှူရှုထားသည်။

"တွေ့ပါတာဝမ်းသာပါတယ် မောင်ရင် မောင်ရင်ကြည့်ရတာ ငယ်သေးပုံပဲ မောင့်ရင့်လို လူငယ်တစ်ယောက်က ဦးထွန်းလှိုင်ရဲ့shareတွေကို အချိန်တိုအတွင်းမှာ ဝယ်နိုင်လိုက်တာ ချီးကျူးရစရာပဲ"

"ချီးကျူးလွန်းနေပါပြီ အန်ကယ် ကိုယ့်အစွမ်းအစနဲ့ကိုယ်ပါ"

လေးစားသမှုဖြင့်သာ သူ့ထံစကားစလာသော လူထံ အကြည့်လွှဲထားရသော်လည်း မျက်ဝန်းထောင့်မှတစ်ဆင့် ထိုအမျိုးသမီးထံ ခိုးကြည့်နေမိသည်။

စိမ်းကားရက်လွန်းပါပေတယ်

"ကျွန်တော်တို့ meeting စရအောင်လား CEO အိနြေသွယ်ရှင်း"

အမူအရာအပြောအဆိုလေးတွေ မြင်ချင်လွန်း၍ ထိုအမျိုးသမီးလေးကို ပြောလိုက်သော်ငြား ပြန်ရလိုက်သည်က သူစိမ်းဆန်ဆန်အပြုံးမျှသာ။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now