အပိုင်း(၃)

535 48 21
                                    

Unicode

ရဲစစ်ဟန် ရန်ကုန်လဆိပ်သို့ခြေချမိသည်နှင့် Akariyaဆီသို့ ဦးတည်လာခဲ့သည်။Japanရှိ ပင်မရုံးချုပ်၏ ကိုယ်စားလှယ်ဟူသော ဂုဏ်ပုဒ်ကိုထမ်းဆောင်ထားသူဖြစ်၍ အတတ်နိုင်ဆုံး နောက်မကျချင်ပါသော်လည်း အချိန်အတိအကျမရှိသော flightများကြောင့် ၁၀ခါတွင်၅ခါက လက်ထောက်ဖြစ်သူ ထက်ပိုင် ထံမှသာ meetingတွင် ဘာတွေပြောသွားလဲ projectတွေ ဘယ်လိုစီစဥ်လိုက်လဲဆိုတာသိရသည်။

ယခုလည်း ထက်ပိုင် mailပို့လိုက်သည့် shareဝင်အသစ်၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရှုရင်း ကော်ဖီသောက်ကာ Akariyaသို့ဦးတည်သော ကားပေါ်တွင်လိုက်ပါလာသည်။

ရှယ်ယာဝင်အသစ်၏ မျက်နှာကိုမြင်မြင်ချင်း သောက်နေသာကော်ဖီပင် သီးသွားရသည်။ဒီမျက်နှာကိုသူသေချာမှတ်မိပါသည်။ဘုန်းရဲမာန်နိုင်ဆိုသူပင်။တစ်နည်းအားဖြင့် တစ်ချိန်က သူသဘောကျခဲ့ဖူးသော ရှင်း၏ဘေးနားတွင် ရှိခဲ့ရသူဖြစ်သည်။

အိနြေသွယ်ရှင်းဟူသော သူမကို သူကရှင်းဟူ၍ သာဖြစ်သည်။သူများတွေလို သွယ် ဟုမခေါ်ဘဲ တစ်မူထူးခြားအောင် ရှင်း ဟုခေါ်ခြင်းဖြစ်သည်။သူ ရှင်း ကိုယခုတိုင်သဘောကျဆဲပါ။

ကံကြမ္မာက သူ့ကိုမျက်နှာပေးဟန်တူသည် stateကျောင်းသားဘဝက လွဲကွာခဲ့ရသော ရှင်းက မမျှော်လင့်စွာပင် Japan၌ သူ့နားပြန်ရောက်လာသည်။ပြန်တွေ့တွေ့ချင်း အတိတ်တို့ကိုပြေပုန်းကားချ၍ သာမိန်မိတ်ဆွေများအဖြစ်သာ ခင်မင်ခဲ့သည်။

ဘုန်းရဲမာန်နိုင်နဲ့ ဘာဖြစ်သွားတာလဲ ဟူသည်ကိုသိချင်ပါသော်လည်း တိုက်ရိုက်မေးဆိုမဆိုသာဘဲ ဘုန်းရဲမာန်နိုင်အကြောင်းစကားစက်မိရုံ မထင်မှတ်ဘဲစကားထဲတွင် ဘုန်းရဲမာန်နိုင်အကြောင်းပါလိုက်ရုံနှင့် စကားဝိုင်းကထွက်သွားလေ့ရှိသည်။

ဘုန်းရဲမာန်နိုင်ဆိုသည်နှင့် နှုတ်ဆိတ်သွားပြီး သူမ၏ပုလဲကြည်မျက်ဝန်းထဲရှိ အရိပ်အသက်တို့ကို သူအမည်မတပ်တတ်ပါ။သူမတို့ဘာတွေဖြစ်ခဲ့သည်လဲ မေးချင်ပါသော်လည်း မဖြေချင်သူကို သူအတင်းမမေးပါ။ရှင်း ဘာသာစိတ်လိုလက်ရ ပြောလာသည့်အချိန်ကို သူစောင့်ဆိုင်းနေဆဲဖြစ်သည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now