အပိုင်း(၁)

806 48 15
                                    

Unicode

ရန်ကုန်လေဆိပ်၏ နံနက်ခင်းသည် နှင်းမြူများ ထူတပ်လျက်ရှိသည်။သိပ်သည်းစွာကျဆင်းလာသော နှင်းမှုန်တို့ကြောင့် လေဆိပ်ပြေးလမ်းသည် နှင်းရည်တို့ဖြင့် စိုစွတ်နေသည်။အရှေ့ဘက်ကောင်းကင်မှ ခပ်ဖျော့ဖျော့ နေရောင်ခြည်သည် ဝိုးတဝါးမှုန်ရီနေသော နှင်းမြူတိုက်တို့ကို ဖြတ်ကာ အဆုံးအစမရှိသော လေဟာနယ်ထဲသို့ ဦးတည်လျက်။

နံနက်ပိုင်းအစောဆုံးလေယာဥ်သည် ဝေဟင်ထက်ရှိ တိမ်တိုက်တို့ကို ထိုးခွဲဖြတ်တိုက်ကာ မြေပြင်ပေါ်သို့ ဆင်းသက်ရန် လေယာဥ်ဘီးများထုတ်လျက် အရှိန်လျော့နေပုံရသည်။လေယာဥ်တောင်ပံတို့ ဖြတ်တိုက်သွားသော တိမ်စိုင်အစွန်းအစတို့သည် နဂါးငွေ့တန်းအမျှင်တန်းသဖွယ် ကောက်ကွေ့လျက် အထက်ကောင်းကင်၌ ဝဲပျံလျက်ရှိသည်။

ထိုလေယာဥ်သည် ပြေးလမ်းပေါ်သို့ လေယာဥ်ဘီးဖြင့် ဆင်းသက်လာပြီး တဖြည်းဖြည်းအရှိန်လျော့သွားကာ လေယာဥ်ပြေးလမ်းတစ်နေရာ အရောက်တွင် အင်ဂျင်စက်အသေရပ်သွားသည်နှင့် ပွင့်ဟသွားသော တံခါးနှင့်အတူ လေဆိပ်မြေပေါ် ခြေချလိုက်အခါ ရင်းနှီးနေပြီးသား အငွေ့အသက် တစ်ချို့က တိုးဝင်လာသည်။

ဘုန်းရဲမာန်နိုင်သည် လေကိုအဆုပ်ထိရောက်အောင် တစ်ဝကြီးရှူသွင်းကာ န့နက်ခင်းလေအေးတို့၏ တိုက်ခတ်မှုကိုခံယူနေသည်။မြန်မာပြည်နှင့် ကင်းကွာနေတာ ၅နှစ်တောင်ရှိပြီမို့ လေဆိပ်ကို မျက်စိတစ်ဆုံး ဘာတွေများ ပြောင်းလဲသွားလဲ ဟု စူးစမ်းသလိုကြည့်နေမိသည်။

"meeting က ၉နာရီစမှာနော် ဘုန်းရဲ"

နောက်ဘက်ရှိ ဝေယံ့အပြောကြောင့် ဘောင်းဘီအိတ်ထဲ ထည့်ထားသော လက်တစ်ဖက်ကို ထုတ်ကာ လက်ပတ်နာရီကို အကြည့်ပို့လိုက်သည်။၇နာရီသာ ရှိသေးသည်မို့ သူ့တွင် အချိန်ရသေးသည်။၅နှစ်တိုင် ခြေမချဖြစ်ခဲ့သော ဤမြေတွင် အမှတ်တရများစွာ ကျန်ရစ်ခဲ့သည်။

"ကို လေယာဥ်ချိန်စောတယ်နော်"

အဝေးမှပြေးလာသော ရွှေစင်က ဟိန်းထက်ကို တွေ့သည်နှင့် ​​အပြေးလှမ်းဖက်ကာ ရွှင်မြူးစွာဆိုလာသည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now