အပိုင်း(၁၂)

115 10 4
                                    

ရုံးချုပ်ကပို့လိုက်သည့် email ကြောင့် သွယ်အတွေးများစွာဖြင့် email ထဲတွင်ပါသည့် B&Y ၏ဆက်ဆံသူအသစ်နှင့်တွေ့ဆိုင်ရန် cafe ထဲတွင်စောင့်နေခြင်းဖြစ်သည်။B&Yရုံးချုပ်တွင်တွေ့လို့ရသော်လည်း ဆက်ခံသူအသစ်သည် ရှယ်ယာဝင်များပင်မသိသေးသည့် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုမို့ ပေါ့ပေါ့ပါးပါး cafe တွင်သာချိန်းလိုက်သည်။

အပြာနုရောင်ပုံရိပ်လေးထိုင်နေရာဝိုင်းတွင် ဘုန်းရဲခပ်တည်တည်ဝင်ထိုင်လိုက်သည်။မော့ကြည့်လာသော မျက်ဝန်းများထဲတွင်တော့ "ဘာလာလုပ်တာလဲ"ဟူသောအဓိပ္ပာယ်တစ်ချို့

"ကိုယ်တို့မတွေ့တာကြာပြီနော်"

"တွေ့စရာကိစ္စမှမရှိဘဲ မတွေ့တာမဆန်းပါဘူး"

သွယ်ထိုသို့တုန့်ပြန်မည်ကိုဘုန်းရဲကြိုတင်သိနေသည့်အလား တစ်ချက်ပြုံးကာ

"ကိုယ်တော့ မင်းနဲ့တွေ့ချင်လို့ ကိစ္စလေးတစ်ချို့ဖန်တီးထားတယ် သိချင်လား"

"မသိချင်လည်း ကျွန်မဝိုင်းကဖယ်ပြီးရှင့်ကိစ္စ ရှင်လုပ်ရင်ကောင်းမယ် ကျွန်မကအားနေတာမဟုတ်ဘူး"

သွယ်သည် တစ်စုံတစ်ယောက်ကိုစောင့်နေသည့်အလား ဖုန်းကနာရီကိုကြည့်ကာ ဆိုင်ပေါက်ဝကိုမျှော်နေသည်။အရှေ့ကအကြောင်းမရှိ အကြောင်းရှာကာ လေကြောရှည်နေတဲ့သူကိုလည်း စိတ်မရှည်သလိုကြည့်ပေးလိုက်တော့ ခပ်သော့သော့ရီသံဖြင့်

"ကိုယ်ကလည်း ကိုယ့်ကိစ္စကိုယ်လုပ်နေတာပဲလေ"

"ရှင့်ကိစ္စက ရှင်နဲ့မဆိုင်တဲ့ကိစ္စထဲဝင်ပါတာလား"

"မင်းမျှော်နေတဲ့သူကကိုယ်ဆိုတဲ့ ဘုန်းရဲမာန်နိုင်ပဲ သွယ် အဲ့တော့ကိုယ့်ကိစ္စဖြစ်သွားပြီထင်တယ်"

ထိုအချိန်မှာပင် တင် ဟူသောအသံနှင့်အတူ သွယ့်ဖုန်းလေးထံ ပုံတစ်ပုံရောက်လာသည်။ရုံးချုပ်ကဆက်ခံသူအသစ်နှင့်တွေ့ရမည်ဖြစ်ရာ လူမှားမည်ဆိုး၍ ပို့လိုက်ခြင်းဖြစ်သည်။

ပုံထဲကလူနဲ့သူ့မရှေ့ထိုင်နေတဲ့လူကတူနေသည်မို့ ထူးဆန်းစွာပင် သူမရှေ့ကလူကိုကြည့်လိုက်မိသည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now