အပိုင်း(၉)

806 30 13
                                    

Unicode

ဟန်သည် ခြေလှမ်းတို့ကိုအရှိန်တင်ကာ လေဆိပ်ထဲသို့ ဝင်လာလျက် မျက်စိတို့က ရှင်းကိုရှာနေမိသည်။ဘေးနားရှိ လက်ထောက်ဖြစ်သူကတော့ ကျီးကန်းတောင်းမှောက်နေသော ဆရာဖြစ်သူအဖြစ်ကို ရီချင်ပါသော်လည်း မရီနိုင်။

၆နာရီflightကို ၄နာရီတည်းကထပြီး ပြင်ဆင်နေသည်မှာ ၅နာရီခွဲမှ hotelမှထွက်ရသည့်အဖြစ်။ဘာဖြစ်လို့ ဒီလောက်ပြင်ဆင်နေလဲမေးတော့ မင်းမသိပါဘူးတဲ့။ယခုတော့ လေဆိပ်ပြေလမ်းရှိ ရပ်ထားသောတစ်စင်းတည်းသော လေယဥ်ဘေးတွင် ရပ်နေသော သွယ် CEOကြောင့် သူသိချင်နေသော အဖြေကို သိလိုက်ပြီ။

"ကိုယ်နောက်မကျပါဘူးနော် ရှင်း"

"ရှင်းက ပြန်မေးရမှာပါ ရှင်းကလိုက်ပို့တဲ့သူပဲဟာ "

နှစ်ယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အရှက်ပြေရယ်လိုက်ကြသည်။

အဖြူပေါ်တွင်ဆာကူရာပန်းပွင့်သေးသေးလေးတွေ ဟိုတစ်စုဒီတစ်စုပါပြီး offlice skirt အနက်လေးကို ဝတ်ထားသော ရှင်းက ဆာကူရာပန်းလေးလို ထိလိုက်တာနဲ့ ကြွေကျသွးမည်စိုး၍ အလှထိုင်ကြည့်ချင်စရာ။

"အဟမ်း အဟမ်း"

အကြင်နာမျက်ဝန်းတို့ဖြင့် မခွဲနိုင်မခွာနိုင် ဖြစ်နေသော ဆရာဖြစ်သူကို ချောင်းဟန့်သတိပေးတော့မှ အိပ်ပျော်နေရာမှ နိုးလာသူလို လက်ကနာရီကိုတစ်ချက်ကြည့်ကာ

"လေယဥ်တက်ဖို့၅မိနစ်ပဲလိုတော့လို့ ကိုယ်တက်တော့မယ်ရှင်း"

"နောက်ထပ်meetingတွေကျ ပြန်တွေ့ကြတာပေါ့ဟန် စာအုပ်လေးတွေဖတ်ရအဆင်ပြေမယ်မျှော်လင့်ပါတယ်"

အပြုံးပန်းဖြင့် နှုတ်ဆတ်စကားဆိုလာသော ရှင်းကို ပြန်လည်ပြုံးပြရင်း နှုတ်မဆက်ပါဘဲ ကျောခိုင်းကာ လေယဥ်ပေါ်တက်ခဲ့သည်။

ခွဲခွာခြင်းတွေကို မကြိုက်တာမို့ ကိုယ်နှုတ်မဆက်ချင်ဘူး ရှင်း။
ပြန်တွေ့ကြမဲ့လူတွေမို့ ကိုယ်နှုတ်မဆက်ချင်ဘူး။

လေဟာနယ်ထက် တဖြည်းဖြည်းမြင့်တက်သွားသော လေယဥ်ပြတင်းပေါက်မှ လေယဥ်ကွင်းကိုကျောပေးကာ တရွေ့ရွေ့ဆုတ်ခွာသွားသော ကျောပြင်လေးအား လွမ်းဆွတ်စွာငေးကြည့်ရင်း စိတ်ထဲတိုးတိုးရေရွတ်မိသည်က

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now