အပိုင်း(၇)

469 30 6
                                    

Unicode

ရုံးခန်းထဲတွင် airconသံနှင့် keyboardရိုက်သံမှအပ အရာရာသည် တိတ်ဆိတ်နေသည်။ကွန်ပျုတာဖန်သားပြင်ထက် ရွေ့လျားနေသော မျက်လုံးတစ်စုံနှင့် keyboardထက် ပြေးလွှားနေသော လက်တစ်စုံသည် ထိုအခြေအနေအတိုင်းရှိနေသည်မှာ Akariyaမှ ပြန်လာတည်းကဖြစ်သည်။

မျက်လုံးတို့က ဖန်သားပြင်ကိုတစ်လှည့် စားပွဲပေါ်တွင်နေရာယူထားသော စာရွက်များသို့တစ်လှည့် အလုပ်ရှုပ်နေသည်။Americaက ပြန်လာသည်မှစ၍ B & Y groupကို ဘုန်းရဲ နောက်ကွယ်မှနေ၍ စီမံနေရသည်။group၏ ရုံးခွဲအသီးသီးနှင့် ဋ္ဌာနခွဲများစွာ နောက်ကွယ်မှ တစ်ယောက်တည်းစီမံအလုပ်ရှုပ်နေချိန်တွင် သူ့မွေးသဖခင် ဦးဘုန်းရန်နိုင်ကတော့ လုပ်ငန်းပါတီတွေတက် Golfလေးရိုက်လိုက်နဲ့ ဆယ်ကျော်သက်လေးလို သာသာယာယာ လုပ်နေသည်မှာ ကြားလို့မှမကောင်း။

B & Y groupတစ်ခုလုံးကို ကိုယ်ထင်မပြဘဲ ဘုန်းရဲတို့သူငယ်ချင်း၃ယောက် စုဝယ်ထားသည့် ကွန်ဒိုတစ်တိုက်လုံး၏ အပေါ်ဆုံးထပ်ရှိ ရုံးခန်းတွင်သာ နောက်ကွယ်မှစီမံနေသည်ကအကြောင်းရှိသည်။

CEOအသစ်တက်လာလျှင် အနည်းနှင့်အများတော့ ကန့်ကွက်ကြသူ သဘောမတူသူ နောက်ကွယ်ကဓားနှင့်ထိုးကြသူတို့က ရှိစမြဲပင်။ထို့နောက် B & Y group၏ ဆက်ခံသူပြန်လာပြီဟူသော သတင်းကိုဖုံးထားပြီး CEOအဖြစ်မသတ်မှတ်ခင်တည်းက သိုးရေခြုံသောဝံပုလွေ နောက်ကျောဓားနှင့်ထိုးရန်စောင့်နေသူ CEO ထိုင်ခုံလုပြီး groupကို အပိုင်သိမ်းချင်ကြသူများအား နည်းနည်းချင်းမသိမသာရှင်းထုတ်ပစ်နေခြင်းဖြစ်သည်။

ရှင်းထုတ်ပစ်သည်မှာလည်း လွယ်သည့်ကိစ္စတော့မဟုတ် B & Y group၏ meeting roomထဲတွင် နေရာယူသည်ဆိုတည်းက မခေသူ သဘာရင့်ကြီးများဖြစ်ကြသည်။အခက်မသင့်လျှင် သူတို့ထောင်ချောက်ထဲပြန်ရောက်သွားနိုင်သဖြင့် သတိကြီးစွာထားရသည်။

တွေ့ပြီ!
ဖန်သားပြင်ကိုကြည့်ပြီး ဘုန်းရဲအောင်နိုင်သူအပြုံးပြုံးလိုက်မိသည်။B & Y groupတွင် ရှင်းထုတ်ရမည့် ပထမဆုံးလူတစ်ဖြစ်လဲ ​Akariya ၏ ရှယ်ယာရှင်ဟောင်းတစ်ဖြစ်လဲ ဦးထွန်းလှိုင်ဆိုသူက B & Y group၏ အပြိုင်လုပ်ငန်းစု၏ ဒါရိုက်တာတစ်ယောက်နှင့်အတူ စားသောက်ဆိုင်ထဲမှထွက်လာသည့်ပုံဖြစ်သည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now