အပိုင်း(၁၀)

399 31 9
                                    

Unicode

ဆံနွယ်ကြားတိုးဝှေ့လာသော လေ​ညှင်းတို့၏ တိုက်ခတ်မှုကိုခံယူရင်း ညကောင်းကင်၏ တိတ်ဆိတ်မှုနှင့် အလှကိုဆည်းစိမ်ခံ ရစ်မူးနေမိသည်။

ကြယ်တာရာစုံလင်တဲ့ ကောင်းကင်မှာ ထီးတီးထွန်းတောက်နေသော လမင်း။
တစ်စင်တည်းဆိုသော် လောကတစ်ခွင် အလင်းတန်းဖြန့်ကျက်နိုင်သည်။
မြို့ပြ၏လမ်းမထက်များကို အလင်းပေးစွမ်းနိုင်သည်။
လျှပ်စစ်မီးအစား အလင်းရောင်အဖြစ် အသုံးပြုနိုင်သည်။
တစ်ကိုယ်တည်းပင် သို့သော် အထီးမကျန်ပါ။

ဟုတ်တယ် သွယ်အထီးမကျန်ပါ။တစ်ယောက်တည်းနေခဲ့သည့်နှစ်တွေက သွယ့်နှလုံးသားကို မာကျောစေသည်လား အတိတ်သင်ခန်းစာတို့၏ ပို့ချမှုကြောင့်လား။သွယ်အထီးမကျန်သလို အဖော်မမဲ့ပါ။

"မင်းကိုဒီမှာတွေ့မယ်ထင်သားပဲ"

အသံလာရာလှည့်မကြည့်ပါဘဲ အသံပိုင်ရှင်ကိုအတပ်သိပေသည်။နှုတ်ဆိတ်နေခြင်းဖြင့် မလိုလားမှူကိုဖော်ထုတ်လိုက်သည်။

ဘုန်းရဲကလည်း စကားထပ်မဆိုဖြစ်သလို သွယ်ကလည်း စကားမစမိပါ။ စကားနည်းလေ ကောင်းလေပင်။ဆက်သွယ်မှုတို့ကို နည်းနိုင်သလောက်နည်းစေချင်သည်။

"B & Y groupရဲ့ ဆက်ခံသူအသစ်ကဘယ်သူဖြစ်မယ်ထင်လဲသွယ်"

အကြည့်စူးစူးနှင့်ကြည့်လာသူလေးအား ပျိုမေမဒီအရှုံးပေးရလောက်သော အပြုံးဖြင့်

"ကိုယ်ကလုပ်ငန်းကိစ္စပြောတာလေကွာ"

"ဘယ်သူပဲဖြစ်နေပါစေ ကျွန်မနဲ့ဘာဆိုင်လို့လဲ"

ခပ်ထေ့ထေံအဖြေလေးကို သဘောကျစွာရယ်ရင်း သွယ်ရပ်နေရာဘေးသို့တိုးသွားကာ

"စီးပွားရေးလောကတစ်ခုလုံးဂယက်ထသွားတာဆိုတော့ မင်းလည်းစိတ်ဝင်စားမလားလို့ပါ"

အသံမလာ၍ ဘေးနားကအမျ်ိုးသမီးလေးကို စောင်းငဲ့ကြည့်တော့ ခပ်ထွေထွေလေးစဥ်းစားနေဟန်။

ဘုန်းရဲကပဲအကဲပိုနေသည်လား သွယ်ကပဲ အချောပိုနေသည်လား ဘယ်လိုနေနေ ချစ်ချင်စရာလေးပင်။

"ကိုယ်ကြားဖူးတယ်သွယ် လူတိုင်းမှာဒုတိယအခွင့်အရေးဆိုတာရှိတယ်တဲ့ ကိုယ့်က်ိုရောဒုတိယအခွင့်အရေးပေးနိုင်မလား"

လေသံထိန်းပြောနေသည့်ကြားမှာပင် အဖျားခတ်တုန်ဖြစ်အောင်တုန်လိုက်သေးသည်။ညလေပြေတို့တိုက်ခတ်မှုကြောင့် ဆံနွယ်တို့က ပါးပြင်ဖွေးဖွေးထံခိုကပ်နေကြပုံက သက်ရှိပန်းချီတစ်ချပ်ကိုငေးမောကြည့်ရသလိုပင်။

"ရှင့်ကိုကျွန်မလွန်ခဲ့တဲ့၅နှစ်တည်းက အခွင့်အရေးတွေအများကြီးပေးခဲ့ပြီးပါပြီ အခွင့်အရေးထပ်ပေးစရာမလိုတော့ဘူးထင်တယ်"

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်လုပ်ရပ်တွေကခွင့်လွှတ်စရာမရှိပေမဲ့ ကိုယ်တောင်းပန်တဲ့အနေနဲ့ မင်းအနားပြန်လာခဲ့တာ"

သွယ်ကငြိမ်သတ်စွာပင်ရပ်နေသည်။ထို့နောက်သူ့ဘက်ကိုစောင်းငဲ့ကာ

"ခွင့်လွှတ်စရာမရှိမှန်းသိရင် ဘာလို့တောင်းပန်နေသေးလဲ"

"မင်းနဲ့ကိုယ်နဲ့ကရေရှည်ပက်သက်ရမဲ့ဆက်ဆံရေးနော်သွယ်"

"ရှယ်ယာရှင်တစ်ယောက်အနေနဲ့ပါ"

"မင်းအတွက်ကိုယ်က အဲ့တာထက်မပိုတော့ဘူးလား"

"ရှင်သာAkariyaမှာshareမဝင်ခဲ့ရင် ရှင်နဲ့ကျွန်မ ခုလိုစကားပြောနေစရာဘာအကြောင်းမှမရှိဘူး"

စိတ်ထိန်းကာပြောရသော်လည်း သွယ့်စိတ်ထဲမွန်းကျပ်လာသည်။ရင်ဘက်တစ်ခုလုံး စုစည်းထားသလို တင်းကျပ်ကာ အသက်ရှူမဝသည့်ခံစားချက်မျိုးပင်။

A/N
လွမ်းနေကြပြီလားဟင်

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now