အပိုင်း(၈)

446 26 11
                                    

Unicode

ဘုန်းရဲ ပွဲတွင်နေချင်စိတ်မရှိတော့၍ ဟိန်းထက်တို့ကို ခွင့်တောင်းပြီး စောစောပြန်လာခဲ့သည်။ငယ်ငယ်တည်းက ညီအကိုလိုပေါင်းလာသူမို့ ပွဲမပြီးသည်ထိ မပြန်စေချင်သော် မျက်နှာမကောင်းသော ဘုန်းရဲကိုမြင်ပြီး သူတို့လည်း မတားပေ။

ရင်ထဲရှိအပူတွေလွင့်စင်သွားစေရန် ပြန်ရောက်သည်နှင့် ဝရံတာတွင် ထွက်နေမိသည်။အချိန်တွေသာကြာသွားသည် အပူတွေက အမြစ်တွယ်နေဆဲ။

စိမ်းကားမှုတွေက ပူလောင်သည်။ဥပက္ခာက နာကျင်စေသည်။

သူတို့ဟာအနီးဆုံးမှာရှိခဲ့ကြပေမဲ့ဘယ်တုန်းကမှမနီးစပ်ခဲ့ဟု ထင်မိသည်။သူ့ဘက်ကနှလုံးသားချင်းနီးစပ်ချင်ပါတော့လည်း သူ့ကို မလိုလားဟန်ဖယ်ထုတ်နေသည်။

Americaရှိကာလပတ်လုံး သွယ့်စိတ်ကိုနားလည်ပြီထင်ခဲ့သော်လည်း ယခုမြန်မာပြည်ပြန်လာတော့ အမြင်နဲ့အထင် တက်တက်စင်အောင်လွဲနေခဲ့သည်။

အေးစက်နေသော မျက်ဝန်းတို့၏ နောက်ကွယ်ရှိအရာများကို မခန့်မှန့်တတ်ပါ။
သူစိမ်းဆန်သော စကားတို့၏ အဓိပ္ပာယ်ကို နားလည်ရန် သူဥာဏ်မမှီပါ။

ကောင်းကင်ကြီးကို ဖန်တီးချင်တာပဲသိသည်။

ခန္ဓာကိုယ်ကြား တိုးဝှေ့သွားသော ညလေအေးသည် အပူများကို မသက်သာစေပါ။

ဘုန်းရဲသည် သွယ်နှင့် မတွေ့ဆုံခင်အထိ မိန်းမတစ်ယောက်က သူ့အတွက်ဒီလောက်အရေးပါလိမ့်မယ်မှန်း အိမ်မက်ပင်မမက်ဖူးပါ။

သူတွေးထားသည့် အနာဂတ်က ရိုးရှင်းပါသည်။အချိန်တန် B & Y groupကို ဦးစီးမည်။ငယ်စဥ်တည်းက သဘောကျခဲ့ရတဲ့ စတော့ရှယ်ရာများအကြောင်း လေ့လာမည်။စိတ်ပါသည့်အခါ ယောက်ျားတို့သဘာဝ အပျော်အပါးအနည်းငယ်ပါသည်။သူနဲ့လိုက်ရောညီထွေဖြစ်မည့် မိန်းမတစ်ယောက်ကိုလက်ထပ်မည်။သူတွေးခဲ့သည်က ဒီလောက်သာ။

ရိုးရှင်းသောအနာဂတ်က သွယ့် မျက်ဝန်းနက်နက်များကိုစွဲလမ်းသွားချိန်တွင် ပြောင်းလဲသွားခဲ့သည်။သွယ့်အကြောင်းပိုသိချင်လာသည်။သွယ့်နားမှာနေချင်သည်။သွယ့်ထံမှ အနွေးဓာတ်လေးကို အလိုရှိသည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now