[1]

2.9K 100 9
                                    

Unicode

လူတစ်ယောက်က ပြောဖူးတယ်

" ငါတို့ကို အမှတ်တရကောင်းတွေ ပေးခဲ့တဲ့သူ
တွေက နောက်ဆုံးမှာ သူတို့ကိုယ်တိုင်အမှတ်တရတွေ အဖြစ် ဆက် ရှိသွားကြတာပါပဲ " တဲ့

မဖိတ်ခေါ်ဘဲရောက်လာတဲ့ အိပ်မက်ဆိုး တွေကိုရော
လွှင့်ပစ်လိုက်လို့ရမလား

ငါ့အသက်၄ နှစ်အရွယ် မှာသေသွားတဲ့ မေမေရယ်

ရေကန်ထဲပြုတ်ကျပြီး သေသွားတဲ့ ခွေးလေးရယ်

မီးလောင်သွားတဲ့ ကြောင်လေးရယ်

ငါအကြိုက်ဆုံးအရာတွေပေါ့

သူတို့က တစ်ကိုယ်ကောင်းဆန်ပြီး ငါ့ကို ထားသွားခဲ့ကြပေမဲ့ ငါစိတ်မဆိုးခဲ့ပါဘူး ...

မေမေကငါ့ကို အမြဲအော်ငေါက်ခဲ့ ဆူခဲ့ပေမဲ့ ငါက မေမေ့ပေါင်ပေါ် ခေါင်းတင်အိပ်ရတာ အရမ်းသဘောကျတယ်

ဖေဖေပြန်မလာတဲ့ညတွေဆို မေမေနဲ့ငါက အိမ်ကြီးထဲမှာ နှစ်ယောက်တည်းပဲ

အဲ့ဒီလိုနေ့မျိုးဆို မေမေက စတိုခန်းထဲ သီချင်းဝင်ဆိုလေ့ရှိတယ် ဂစ်တာ တစ်လက်ကလဲမပါမဖြစ်...မေမေက သီချင်းဆိုရတာ သိပ်ဝါသနာပါတယ်လေ

အဲ့ဒီနေ့ညက ဖေဖေနဲ့မေမေ စကားများကြတာကို
ငါကအရုပ်လေးကိုပိုက်ရင်း အိပ်ခန်းတံခါးဝကနေ တိတ်တိတ်လေးချောင်းကြည့်နေခဲ့တယ်

ငါညီလေးအသစ်ရနေပြီဆိုတဲ့အကြောင်း
အိမ်ကိုခေါ်လာမည့်အကြောင်း ဖေဖေက  ရှင်းပြတော့
မေမေကစိတ်ဆိုးပြီးအထုပ်တွေဆွဲ အိမ်ပေါ်ကဆင်းဖို့လုပ်တယ်

ဖေဖေက စိတ်ဆိုးဆိုး ဒေါသတကြီးအော်ဟစ်ပြီး မေမေ့ကို လှေကားပေါ်ကနေ တွန်းချလိုက်ရော

မေမေနာလို့ ငိုနေတော့မှာပဲ

ဒါပေမဲ့ ငါမအော်ရဲခဲ့ဘူး

ငါလဲမေမေ့လို တွန်းချမခံချင်ဘူး

အဲ့ဒါကြောင့် အိပ်ခန်းထဲပြန်ဝင်ပြီး အရုပ်လေးကိုပွေ့ရင်း ပြန်အိပ်​နေ လိုက်တယ်

မနက်မိုးလင်းတော့ ဖေဖေကငါ့ကိုပြောတယ် မေမေက ဘယ်တော့မှပြန်မလာတော့ဘူးတဲ့

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now