[4]

688 44 45
                                    

Unicode

ရာဇဘုန်းဥာဏ်က လူငယ်ဆန်ဆန် ​ နေထိုင်တတ်ပေမဲ့ သူ့အခန်းကတော့ တကယ်ကို ရိုးရိုးရှင်းရှင်းပင်
အခန်းထဲတွင် အိပ်ခန်းတစ်ခုထပ်ဖွဲ့ထားပြီး အဝတ်အစားတွေကသက်သက် တစ်ခန်းပင်။  ကျွန်းသစ်ဖြင့် ခမ်းခမ်းနားနားလုပ်ထားသည့် စာအုပ်စင် နှင့် စာကြည့်စားပွဲလည်းရှိသည်မို့  စာဖတ်ဝါသနာ ပါသူဖြစ်ရမည်။

*ဘာမဟုတ်တဲ့ကောင်ကို သူ့အဖေက ကောင်းကောင်းမွန်မွန်ထား သားပဲ *

အရင်ကသိရတဲ့ သတင်းတွေအရဆိုရင် ရာဇဘုန်းဥာဏ်ဆိုတာ သူ့အဖေစည်းစိမ်တွေဖြုန်းဖို့မွေးလာတဲ့ ငမိုက်သားလေးပင်။

မိန်းမ မရှုပ်ပေမဲ့ ဆေးသုံးတယ် လောင်းကစားလုပ်တယ် ဆိုးသွမ်းရမ်းကားလွန်းလို့ နိုင်ငံခြားက အမျိုးတွေဆီပို့လိုက်တယ်ဆိုပဲ။ 

"ကိုသျှန်း ထိုင်လေ အားမနာနဲ့ ကိုယ့်အိမ်လိုသဘောထားပြီးနေ... ကျွန်တော်ဆေးယူပေးမယ်နော်"

"အင်း"

အခုသူတွေ့နေရတဲ့ ရာဇဘုန်းဥာဏ်ကတော့ သတင်းတွေထဲကလို ရမ်းကားနေတာမျိုးမဟုတ်ဘဲ လွတ်လွတ်လပ်လပ်နေတတ်သည့် လူငယ်လေး တစ်ဦးပင်။ သူ့ထံတွင် ဆိုးသွမ်းမှုများ တစိုးတစိ မှမတွေ့ရ လုံးဝ အဖြူထည်လေး အတိုင်းပင်

ဒါကလည်း သူစိမ်းရှေ့မှာမို့ ဟန်ဆောင်ထားတာ နေမှာပါ

"ကိုသျှန်း ဒီမှာ ခေါင်းကိုက်ပျောက်ဆေးနဲ့ရေ "

"အင်း ကျေးဇူးပဲ"

"Party ပြန်မသွားဘူးလား မင်း ဒယ်ဒီနဲ့အစ်ကိုကြီး ရှာနေရင် ဘယ်လိုလုပ်မလဲ"

"ဆူညံတဲ့နေရာမျိုးတွေ မကြိုက်ဘူး"

"သြော်..."

"ကိုယ်ဒီမှာ ကြာကြာနေလို့ ဖြစ်ပါ့မလား မင်း အစ်ကိုကြီးက မင်းနဲ့ကိုယ် အတူတူရှိနေတာတွေ့ရင် မင်းကိုပြဿနာရှာအုံးမယ်"

*ခေါင်းကိုက်နေတာတောင် ကျွန်တော့်အတွက် တွေးပေးနေတာ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ*

"ဒါ ကျွန်တော့်အခန်းလေ ကျွန်တော့်သဘောပေါ့ စိတ်မပူပါနဲ့"

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now