[5]

599 39 43
                                    

Unicode

နွေရာသီကာလမို့ ရာသီဥတုက အတော်လေး ပူပြင်းနေတာကြောင့် သွားလာလှုပ်ရှားနေသူ အားလုံးက ပေါ့ပေါ့ပါးပါးပင် ဝတ်ဆင်ထားကြ၏။
လမ်းဘေး နှစ်ဖက်နှစ်ချက်မှာတွေ့နေရတဲ့ ပျံကြစျေးသည်တွေကလည်း ယပ်တောင်ကိုယ်စီနှင့်...

တစ်နေ့လုပ်မှတစ်နေ့စားရသည့် အခြေခံလူတန်းစားတွေက ရာသီဥတုပူပြင်းနေလည်း ဝမ်းစာရှာရမှာပဲ။ ထိုလူတွေအတွက် ဒယ်ဒီနှင့်တိုင်ပင်ပြီး တစ်ခုခု လုပ်ပေးရမည်။

"ဟင်း.."

၁၅ မိနစ်ကြာမောင်းပြီးမှ ကိုသျှန်းရဲ့အိမ်ကိုရောက်လာလေ၏။ အစောင့်အကြပ်များက အဆင်သင့် တံခါးဖွင့်ထားပေးတာကြောင့် ကားကိုမောင်းဝင်လာလိုက်သည်။

အပြင်သွားရမည်ဆိုသောကြောင့် တစ်မနက်လုံး တက်ကြွနေသည့် သားဖြစ်သူကို အာကာနက်သျှန်း မနည်းတားနေရသည်။ ခွင့်ပြုပေးလိုက်လို့ကတော့ ဒီကလေး ခြံအပြင်ကို သူ့ဟာသူ ထွက်သွားလိမ့်မည်။

သားရဲ့ဦးငယ်လည်း ပါမယ်ပြောလိုက်ရော ထွဋ်အာကာသျှန်း တို့နေမထိထိုင်မထိတွေဖြစ်ပြီး အင်္ကျီလဲတာ သုံးခါ ရှိပြီ။
အဲ့ဒါနဲ့တင် မပြီးသေးဘူး

အိမ်ရှေ့တံခါးဝကိုပြေးသွားလိုက် ဧည့်ခန်းက ဆိုဖာမှာထိုင်လိုက် လုပ်နေတာ တိတိကျကျပြောရရင် ၁၂ခေါက်ရှိပြီ

"ထွဋ်ထွဋ်လေး ငြိမ်ငြိမ်နေလေ မကြာခင် ဦးငယ် ရောက်လာမှာ"

"ချွေးထွက်ပြီး အလှတွေ ပျက်ကုန်လိမ့်မယ်
ဦးငယ်က အမိုက်စားဝတ်လာမှာ"

ကိုယ်ပြောလိုက်သည့်စကားကြောင့် ဆိုဖာပေါ်တွင် မတ်တပ်ရပ်နေရာမှ ထိုင်ချလိုက်သည်။

"ထွဋ်ထွဋ်လေး စိတ်လှုပ်ရှားနေလို့ပါ"

Ring...Ring

"ဒယ်ဒီဖုန်းပြောလိုက်အုံးမယ် ငြိမ်ငြိမ်ထိုင်နေ"

"အခြေအနေ..."

[•••]

"ငါ ဘာငါးမှမလိုဘူး
မင်းတို့လည်း တံတားကျော်စရာ အကြောင်းမရှိဘူး"

(A/N: စီးပွားရေး အသုံးအနှုန်းတွေပါ )

[•••]

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now