Unicode
ကိုသျှန်းနှင့် အလင်္ကာဘုန်းဉာဏ်က အချိန်ခဏကြာတော့ ပိုက်ဆံရှင်းပြီ ဆိုင်ထဲမှထွက်သွားကြသည်။ ဆိုင်ရှေ့တွင်ရပ်ထားသည့်ကားထဲ အတူတူဝင်သွားကြပြီး ကားက Company ကို မဟုတ်ဘဲ အခြားတစ်နေရာသို့ မောင်းထွက်သွားပြန်သည်။
"လိုက်ပို့တာလား...ဟက်"
ကိုသျှန်းက အဲ့ဒီကောင်ကို ကားပေါ်တင်ခေါ်လာ၊ မနက်စာအတူစား ပြီးတာနဲ့ ပြန်လိုက်ပို့တာမျိုး လုပ်ရလောက်တဲ့အထိ နှစ်ယောက်သား ရင်းနှီးနေကြတာကြောင့် ဒေါသက ပို ပိုပြီး ထွက်လာရသည်။ ကိုသျှန်းအတွက် ဝယ်လာတဲ့မနက်စာတွေကိုလည်း ထိုဆိုင်ရှေ့က ခုံတန်းမှာပင် ချန်ခဲ့လိုက်သည်။
စိတ်ထဲတနုံ့နုံ့ဖြစ်နေပေမဲ့လည်း အစည်းအဝေးတွင်ပြောရမည့် အချက်အလက်များဆီ စိတ်ကိုပို့ထားလိုက်သည်။
သူဒီနေ့ပဲ ဖွင့်ပြောလိုက်ရမလား...မဖြစ်သေးဘူး သူအလောသုံးဆယ်လုပ်မိတဲ့ ကိစ္စမှန်သမျှက အဆင်မပြေတာတွေကြီးပဲ။ သူဘာလုပ်ရမလဲ...
" ကျွတ် "
Ring . . . Ring
"အင်း"
"CEOက ဝင်ခွင့်တောင်းနေပါတယ် "
"နောက်တစ်ခါဆို ဝင်ခွင့်တောင်းစရာမလိုဘူး
တံခါးမရှိဓားမရှိ ဝင်ထွက်လို့ရတယ် ငါပြောတာမှတ်ထား
အခုမြန်မြန်ပေးဝင်လိုက်""ဟုတ်... ဟုတ်ကဲ့"
"မင်းအစောကြီးရောက်နေတယ်လို့
ကိုယ့်အတွင်းရေးမှူးက ပြောတယ်""ပထမဆုံးရက်ဆိုတော့ စောစောလာခဲ့လိုက်တာ"
"မင်း အစ်ကိုကြီး နဲ့ရန်ဖြစ်လာတာလား မျက်နှာလည်းမကောင်းဘူး"
"အင်း...ကျွန်တော်မနက်စာတောင် မစားရသေးဘူး"
ကိုသျှန်းက လက်မှာဝတ်ထားတဲ့နာရီကို ငုံ့ကြည့်ပြီး ချက်ချင်းပင် ကုတ်အင်္ကျီအတွင်းအိတ်ကပ်ထဲမှ ဖုန်းကိုယူထုတ်ကာမနက်စာလာပို့ပေးရန် သူ့အတွင်းရေးမှူးဖြစ်သူထံ ဖုန်းဆက်လိုက်တာကြောင့် ဒီကောင့်ရင်ထဲ လိပ်ပြာတွေ ပျံသွားရသည်။
YOU ARE READING
𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬
RomanceUnicode ငါလိုကောင်မျိုးက မမွေးဖွားလာသင့်ဘူးဆိုရင် မင်းတို့အားလုံးကလည်း အသက်ရှင်ဖို့ မထိုက်တန်ဘူး -------------------------------------- Zawgyi ငါလိုကောင်မျိုးက မမွေးဖွားလာသင့်ဘူးဆိုရင် မင်းတို့အားလုံးကလည်း အသက်ရှင်ဖို့ မထိုက်တန်ဘူး Warning⚠ : viol...