[6]

562 31 26
                                    

Unicode

ကစားကွင်းမှ ပြန်လာပြီးကတည်းက
ထွဋ်ထွဋ်လေး က ရာဇဘုန်းဥာဏ်ကို ဦးငယ် ဦးငယ်နှင့် ပါးစပ်ကမချ။ ဦးငယ်က လာအုံးမှာလား နောက်တစ်ခေါက်အပြင်သွားရင် ဦးငယ်ပါမှာလားနှင့်ပင်

သူဒါမျိုးကိုမကြိုက်ဘူး
သားသားက သူ့ထက် အခြားလူတစ်ယောက်ကို ပိုပြီး ခင်တွယ်နေတာမျိုး သူလက်မခံနိုင်ဘူး

ရာဇဘုန်းဥာဏ် ကိုသူသဘောမကျပေမဲ့ နောက်၂ရက်ဆို မျက်နှာကို အမြဲ တွေ့နေရတော့မည်။
ဒါကလည်း အလုပ်ကိစ္စနှင့်ပင်

ပရောဂျက်ကိစ္စအတွက်  ဘုန်းဉာဏ်Group ၏ တာဝန်ခံအဖြစ် ရာဇဘုန်းဥာဏ်က တစ်လတိတိ ရှိနေလိမ့်မည်။
အရင်က ပရောဂျက်ကို ဦးတေဇဘုန်းဉာဏ်ရဲ့ တူ အလင်္ကာဘုန်းဉာဏ် က တာဝန်ယူမယ်လို့ ကြားခဲ့ပေမဲ့ ကြားထဲမှာ ဘာတွေဖြစ်သွားခဲ့လဲ မသိလိုက်

ဓနဘုန်းဉာဏ်ရဲ့ လက်ချက်ဆိုတာတော့ သေချာသည်

စာကြည့်ခန်းထဲတွင် မှတ်တမ်းအချို့ ဖတ်နေရင်း တံခါးခေါက်သံကြောင့် ဖတ်လက်စစာရွက်ကို စားပွဲခုံ၏ အံဆွဲထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်သည်။

"ဝင်ခဲ့ "

"ဓနဘုန်းဉာဏ် ရဲ့ အခြေအနေ"

"ဘယ်လက်မောင်းပဲ ထိသွားတယ်လို့ ကြားပါတယ်"

"ဦးလှမင်းရဲ့ လူတွေက သောက်သုံးမကျလှချည်လား"

(A/N- အပိုင်း ၄ မှာပါခဲ့ပါတယ် မှတ်မိကြလား)

"ငါ လက်နက်အင်အား စိုက်လိုက်ရတာ လက်မောင်းကိုကျည်တစ်ချက်ထိဖို့ အတွက်လား
အနည်းဆုံးတော့ သုံးချက်လောက် ထိသင့်တယ်"

"သူတို့ဘက်က အကူတွေက မြန်မြန်ရောက်လာလို့ပါ"

"ထားလိုက်တော့ ငါ့လူတွေသေတာမှ မဟုတ်တာ
ဓာတ်ပုံတွေ ဘယ်မှာလဲ ပြ"

အဂ္ဂက အဖြူရောင်စာအိတ်ရှည်ထဲမှ ဓာတ်ပုံအချို့ကို ကမ်းပေးလာတာကြောင့် စိတ်မရှည်စွာပင် ဆွဲယူလိုက်သည်။

ပထမတစ်ပုံက ထွဋ်ထွဋ်လေးကိုချီထားကာ သူ့ကိုပြုံးပြနေသည့် မျောက်မသားလေး၊ ဒုတိယပုံက သူကိတ်မုန့်ခွံကျွေးနေသည့်ပုံဖြစ်ပြီး၊ တတိယပုံက သူ့ပေါင်ပေါ်လှဲအိပ်နေသည့်ပုံပင်

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now