[3]

799 46 33
                                    

Unicode

ယနေ့တွင်ဘုန်းဉာဏ် စံအိမ်၌ လူစုံတက်စုံဖြင့် စည်ကားနေ၏

အကြောင်းက စံအိမ်ပိုင်ရှင် ဦးတေဇဘုန်းဉာဏ်တစ်ယောက် သူရဲ့ ဒုတိယမြောက်တရားဝင် ဇနီး ထက်ထွန်းဝေ နှင့်အငယ်ဆုံးသမီးလေး ကိုခေါ်၍ အိမ်သို့ပြန်လာခြင်းဖြစ်သည်။

ဘိုးတော်က အလုပ်တွေရော အရှုပ်ထုပ်တွေရော သားကြီးသြရသ ဖြစ်တဲ့ဟောဒီကောင်စီ ပုံချသွားပြီး သူကတော့ပျော်လို့ပါးလို့

စံအိမ်ရှေ့၌ ကားရပ်၍ ဒယ်ဒီထွက်လာသည်နှင့်...

"ဒယ်ဒီ"

ရာဇဘုန်းဥာဏ် တစ်ယောက်အကဲ ပိုနေပြန်ပြီ ကြီးကောင်ကြီးမားနဲ့ ပြေးဖက်ရတယ်လို့

"ဟေ့ကောင် ကလေးကလားနဲ့
အခုမှခရီးက ပြန်လာတဲ့သူကို ဖက်ထားတာ မလွှတ်တော့ဘူး"

"ကျွန်တော် ဒယ်ဒီ့ကိုမတွေ့ရတာကြာပြီလေ"

ဒယ်ဒီက ရာဇရဲ့ ကျောကုန်းလေးကို ပွတ်ပေးလိုက်ပြီး

"ဖက်ပါစေ သားကြီးရေ မင်းညီက accident ဖြစ်ပြီးနောက်ပိုင်းမှ ပိုပိုပြီးကလေးဆန်လာတယ် ပိုပြီးလိမ္မာလာတယ်
အရင်ကလို ဂျစ်တူးလေး မဟုတ်တော့ဘူး"

လိမ္မာလွန်းလို့ သေနတ်ကိုတောင် ခိုးသွားသေးသည်လေ

"သားငယ် ဒယ်ဒီ မင်းကို မတွေ့ရတာ (၂)နှစ်လောက်ပဲ ရှိသေးတာ ဘာလို့ဒီလောက်တောင် အရပ်ကြီးရှည်လာရတာလဲ"

"ဟုတ်လို့လား ပုံမှန်ပါပဲ"

အင်း..သားဖနှစ်ယောက် အိမ်အပေါက်ဝမှာတင် စကားပြောကြတော့မည့်ပုံပင်။

"ဒယ်ဒီတို့ အိမ်ထဲဝင်ကြလေ အပေါက်ဝမှာပဲ နေတော့မလို့လား"

"အေး အေး"

ဒယ်ဒီက အိမ်ထဲအရင်ဝင်သွားတာကြောင့် ကလေးနှင့် အနောက်မှာ ကျန်ခဲ့သည့် ထက်ထွန်းဝေဆီ နှုတ်ဆက်ဖို့ သွားလိုက်သည်။

နှုတ်ဆက်ဖို့ စကားတောင်မစရသေး အစ်ကိုကြီးက ရွှေရည်လေးကို အမေဖြစ်သူဆီမှ ချီလိုက်ပြီး သူ့ကို အိမ်ထဲ အတင်းဝင်ခိုင်းနေ၏။

"ထက်.. အဲ မေမေလေးလဲ ကလေးတစ်ဖက်နဲ့ ညောင်းနေမှာပဲ ဝင်နားတော့လေ ကလေးချီပေးမယ် ဒီကိုပေး"

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now