[2]

1.1K 46 24
                                    

Unicode

နိုင်ငံခြားသို့တင်ပို့မည့် ပစ္စည်းအချို့က အစိုးရဘက် နှင့်

ငြိသွားတာကြောင့် သက်ဆိုင်ရာကို အချိုသပ်ဖို့

အာကာနက်သျှန်း အလုပ်ရှုပ်နေရပြီ။

ပမာဏက သိန်း ၆၀၀၀၀ လောက် တန်တာကြောင့်
လက်မလွတ်နိုင်၍ နယ်မြေအရာရှိ နှင့် ညှိနှိုင်းခဲ့
သည်။ နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားပေမဲ့ သက်ဆိုင်ရာနှင့် တတ်နိုင်သမျှ အရှုပ်အရှင်းကင်းအောင် နေသည့် ကြားထဲမှ ငြိဖြစ်အောင် လာငြိခြင်းပင်

ပါးစပ်ပိတ်ဖို့အတွက် ရေခွံ့လိုက်ပေမဲ့ အဘိုးကြီးကအင်တင်တင်လုပ် နေသည်မို့ ၎င်းအိမ်ရှိ အဖိုးတန်ကြွေ ပန်းအိုးကို သေနတ်နှင့်ပစ်ခွဲ ခဲ့သည်။

ဒါတောင် အဘိုးကြီးက မာန်မကျချင်သေး

နောက်မှ အဘိုးကြီးအတွက် လက်ဆောင်ကောင်းကောင်း ပို့ပေးဖို့ စဥ်းစားထားသည်။

* သမီးဖြစ်သူရဲ့ ခေါင်ဖြစ်ဖြစ် နှလုံးဖြစ်ဖြစ် ပေါ့ *

ညနေ၃နာရီ ကျော်သွားပြီဖြစ်သော်လည်း အလုပ်တွေက လက်စဖြတ်လို့မရ၍ ထွဋ်ထွဋ်လေး ကို ကျောင်းမကြိုအားတော့ပေ။

ဝက်ပေါက်လေး စိတ်ဆိုးနေမှာ အသေအချာပင်

"Hello"

ထို့​ကြောင့် ​အိမ်ကိုဖုန်းဆက်ပြီး ဒေါ်လေးယဥ် ကိုသာ ကျောင်း ကြိုခိုင်းလိုက်​သည်။

"သားသားကို ရေခဲမုန့် ဝယ်ပေးဖို့လည်း မမေ့နဲ့

ကျွန်တော်ဒီနေ့ အိမ်ပြန်နောက်ကျမယ်"

'ဒေါက် ဒေါက် ဒေါက် '

"ဝင်ခဲ့"

ဝင်လာသူက တခြားမဟုတ် သူ၏ အားကိုးရဆုံး အတွင်းရေးမှူး အဂ္ဂ ပင်

" ဘုန်းဉာဏ် Group က ပူးတွဲပရောဂျက် အတွက် တာဝန်ယူမဲ့လူကို ပြောင်းလိုက်တဲ့အကြောင်း ဆက်သွယ်လာပါတယ်"

"ဘယ်သူတဲ့လဲ"

"ဓနဘုန်းဉာဏ် ရဲ့ ညီ ရာဇဘုန်းဉာဏ်ပါ"

"တောက်ခ်..."

"အချီကြီးရမဲ့ လုပ်ငန်းတစ်ခုကို ဘာမဟုတ်တဲ့ကောင် လက်ထဲပြီးစလွယ် လွှဲပေးလိုက်တာ စိတ်ဝင်စားစရာပဲ"

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now