[12]

544 29 8
                                    

Unicode

သူ့လက်ထဲကနေ ကံကောင်းစွာနှင့် လွတ်မြောက်သွားခဲ့တဲ့ သားကောင်တွေက နှစ်တွေဘယ်လောက်ပဲ ကြာသွားပါစေ သူ့ဆီကိုပဲ ပြန်လာဖို့ရွေးချယ်ကြတယ်။

သူကပဲဆွဲငင်အားကောင်းနေတာလား သူတို့ကိုယ်တိုင်က တုံးအ ကြတာလား..

Bar အတွင်းပိုင်းကို ဝင်လာတာနှင့် အသင့်စောင့်နေတဲ့ waiter ကောင်လေးက သီးသန့်အခန်းတစ်ခုဆီ သူ့ကိုဦးဆောင်ပြီး ခေါ်သွားသည်။ အခန်းထဲဝင်ဝင်ချင်း မြင်ကွင်းထဲဝင်လာတဲ့ သူက အရင် အတိုင်းပဲ။ ထိုသူကို မြင်လိုက်ရတာနှင့် သူ့ရဲ့ တုံးအခဲ့မှုများက စိတ်ထဲမှာ တစ်ပိုင်းတစ်စ ပြန်ပေါ်လာ၏။

အသက် ၂၂ နှစ် အရွယ်မှာ ရွေးချယ်မိခဲ့တဲ့ ထိုလူက သူ့အပေါ်ခံစားချက်တွေ မစစ်မှန်တဲ့အပြင် စည်းစိမ်ဥစ္စာတွေကိုပဲ တပ်မက်ခဲ့တယ်။ အဲ့ဒါနဲ့တင်မလုံလောက်သေးဘဲ တွဲနေတဲ့ကာလ တစ်လျှောက်လုံးမှာ အခြားလူတွေနဲ့ ပွေရှုပ်ခဲ့တယ်။ ဒါတွေအားလုံး သူမသိချင်ယောင်ဆောင်ပေးခဲ့တယ်။ သူအမုန်းဆုံးက ဖောက်ပြန်တာပဲ အဲ့ဒါကို သိသိရက်နဲ့ လုပ်ဖြစ်အောင် လုပ်ခဲ့တဲ့ ရည်းစားဟောင်းကို အခွင့်အရေးပေးပြီး ထွက်သွားခွင့်ပြုခဲ့သားပဲ။ ကံတရားက သူ့ကို ဒုတိယအခွင့်ရေးမပေးစေချင်တော့ဘူး။

သူစိမ်းနှစ်ယောက်ပေါင်းစည်းထားတဲ့ ဆက်ဆံရေးတစ်ခုတည်မြဲဖို့ လိင်ကိစ္စတွေ တကယ်ပဲ လိုအပ်သလား။ သူနားလည်တာက တစ်ယောက်အပေါ်တစ်ယောက် နားလည်ရမယ်၊ချစ်ရမယ်၊မဖောက်ပြန်ဘဲ သစ္စာရှိရမယ်၊ တစ်ယောက်အပေါ်တစ်ယောက် လျှို့ဝှက်ချက်တွေမထားရဘူး ဒါသူ့ရဲ့ခံယူချက်ပဲ။ သူ့အပေါ်သစ္စာမရှိတဲ့ ရည်းစားဟောင်းရဲ့ အိမ်မှာ CCTV တပ်ခဲ့တာ သူ့အမှားတစိုးတစိမျှမပါခဲ့။ သူလုပ်သင့်တဲ့အရာကို လုပ်ခဲ့ရုံပဲ...

မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ စားပွဲဝိုင်းတွင် တင်ထားသည့် စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူ၍ ပါးစပ်ထောင့်တွင် ခဲလျက် ကုတ်အင်္ကျီအတွင်း အိပ်ကပ်ထဲမှ မီးခြစ်ကို ထုတ်ယူစဥ်

" ကိုယ် ညှိပေးမယ် "

မီးခြစ်ကိုင်လျက် စိတ်အားထက်သန်နေသည့် အမူအရာဖြင့် လက်ကိုကမ်းလင့်လာသူကြောင့် မျက်ခုံးပင့်ပြကာ မဆိုစလောက်ပြုံးလိုက်ပြီး မျက်နှာကို ရှေ့သို့ အနည်းငယ် တိုးပေးလိုက်၏။ ချိုချဥ်လိုချင်နေတဲ့ ကလေးလို သူ့မျက်နှာကို အရိပ်တစ်ကြည့်ကြည့် လုပ်နေသည့် သူကို ကြည့်ကာ လှောင်ရယ်ချင်သည့် စိတ်များက တားမရဆီးမရပင်။ သို့ပေမဲ့ ဟန်ကိုဖို့ကာ စီးကရက်ငွေ့တွေကို နှုတ်ခမ်းပါးပါးမှ ဖြည်းညင်းစွာ စွန့်လွှတ်လိုက်၏။

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now