[9]

455 25 36
                                    

Unicode

ညနေ ၃ နာရီထိုး၍ ရုံးဆင်းချိန် ရောက်တာတောင် မပြန်သေးဘဲ ငွေစာရင်းများကို အထပ်ထပ်အခါခါ စစ်နေမိသည်။ ကိုသျှန်းနှင့် မတွေ့ချင်သေးတာကြောင့် မရှိသည့်အလုပ်ကို ရှာကြံ၍လုပ်နေခြင်းသာဖြစ်၏။ ထိုစဥ် ကိုသျှန်းက ဖုန်းဆက်လာတာကြောင့် တုန်လှုပ်သွားသည့် စိတ်ကို ဖိနှိပ်ကာ ဖုန်းကိုင်လိုက်၏။

"Hello. . . ကိုသျှန်း "

[ကိုယ်မင်းနဲ့ လိုက်ပြန်လို့ရမလား]

" ဗျာ "

[ ဒီလိုပါ... ပြန်ခါနီးကြီး ကိုယ့်ကား ဘီးပေါက်သွားလို့ ပြင်ဆိုင် ပို့လိုက်ရတယ်။ အိမ်ကနေ နောက်တစ်စီး ခေါ်ရင်လဲ ကြာအုံးမှာမလို့ ]

"ရတာပေါ့ ရတယ် ကျွန်တော်လည်း အလုပ်တွေပြီးသွားပြီ
ပြန်ဖို့လုပ်နေတာ"

[ဟုတ်ပြီ.. ကိုယ် ကားပါကင် မှာ စောင့်နေမယ်]

စာရွက်စာတမ်းများကို အသေအချာ သိမ်းဆည်းလိုက်ပြီး ဓာတ်လှေကား ဆီကို မပြေးရုံတမယ် သွားလိုက်၏။ ကားပါကင်ဆီရောက်တော့ မိမိ၏ကားရှေ့တွင် မတ်တပ်ရပ်စောင့်နေသည့် ကိုသျှန်းကိုတွေ့လိုက်ရ၏။ အနားရောက်သွားပြန်တော့လည်း ကိုသျှန်းကို မျက်နှာချင်း မဆိုင်ဘဲ ကားတံခါးကိုသာ ဖွင့်လိုက်သည်။

" ကျွန်တော် အရေးကြီးစာရွက်စာတမ်းတွေကို
သိမ်းနေရလို့ ကြာသွားတယ် "

"ကိုယ့်ကြောင့် အလောတကြီးဖြစ်သွားရတာ အားနာပါတယ်"

"မဟုတ်တာ...တက်လေ သွားရအောင်
ထွဋ်ထွဋ်လေး ကိုသျှန်းကို စောင့်နေတော့မှာ"

မဟုတ်တာလုပ်ထားသူက ကိုယ်ဖြစ်တာကြောင့် မလုံမလဲ ဖြစ်ပြီး စကားပြောနေချိန် ကိုသျှန်းကို မျက်လုံးချင်း ဆုံအောင် မကြည့်ရဲ

ကားကတရွေ့ရွေ့သွားနေပေမဲ့ ကားအနောက်ခန်းက လူနှစ်ယောက်ကတော့ မလှုပ်မယှက်ပင်
နှစ်ယောက်လုံးက ကျောက်ရုပ်အတိုင်းပင် တောင့်တောင့်ကြီး ထိုင်နေကြ၏။ မည်သူ့ဘက်ကမျှစ၍ စကားတစ်ခွန်မဟကြ

* ကိုသျှန်းက လည်ပင်းပေါ်မှာ ငါချန်ခဲ့တဲ့ အမှတ်အသားတွေနဲ့ ပတ်သတ်ပြီး ဘာမှမပြောတာ ဘာဖြစ်လို့လဲ ? ငါလုပ်တာမှန်းမသိသေးတာများလား...မဖြစ်နိုင်ပါဘူး*

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now