Chapter 92

3.5K 368 1
                                    

18.6.2023 (Edited)

Chapter 92 : မီးလောင်နေပီ 🔥

မကြာမှီမှာပဲ ရိုက်ကူးရေးအစီအစဉ်က အိမ်ထောင်ဦးစီး နေရာကစားမဲ့သူတွေကို အတည်ပြု ကြေညာပေးတယ် -
LiangHuai, YunJin, QiFanng, SunXiao

အိမ်ရှင်မနေရာ ကနေ အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ရမဲ့ တာဝန်ကိုတော့ -
FuShiWen, JiKe, WangYijia, LuYu

အိမ်ရှင်မအဖွဲ့မှာ FuShiWen ပါလာတာတွေ့တော့ JiKe မျက်လုံးထဲ အံ့ဩရိပ်တို့ ဖြတ်သန်းလျက်..
သူမှတ်မိခဲ့သလောက် FuShiWen မချက်တတ်မပြုတ်တတ်... သူတခါ မီးဖိုချောင်ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ ရလဒ်ကတော့ Delivery နဲ့ လှမ်းမှာစားခဲ့ရတာပဲ... ဒယ်အိုးမှာ ကပ်နေတဲ့ မဲမဲတူးတူး အရာတွေကတော့ အမှိုက်ပုံထဲမှာပေါ့ ...
JiKe အကြည့်တွေကိုခံစားမိသည့် FuShiWen က နှုတ်ခမ်းတွန့်ပြုံးရင်း လှည့်ကြည့်တယ်... JiKe ခဏတော့ ကြောင်သွားပီးမှ အကြည့်တွေကို YunJin ရှိရာဖက်ပို့လက်ပြီး - ကင်မရာရှေ့မှာတော့ LiangHuai မနိုင်စားလောက်ဖူးမလား?

JiKe အကြည့်တွေရှိရာဖက် FuShiWen လိုက်ကြည့်တော့ သူ့မျက်နှာပေါ်က အပြုံးတွေ ပြန်ပျောက်ကွယ်ခဲ့ရပီ...

🍲🍲🍲🍲🍲🍲🍲

"ကဲ...အိမ်ရှင်မ တွေရဲ့ မီးဖိုချောင်ကနေ ကြိုဆိုပါတယ်"
လက်ထောက် ဒါရိုက်တာက JiKe နဲ့ အဖွဲ့ကို စီစဉ်ထားတဲ့ မီးဖိုချောင် အခန်းထဲခေါ်သွားပေးတယ်...
"လုပ်ရမဲ့တာဝန်ကတော့ စျေးသွားပီး အိမ်ရှင်မတို့ရဲ့ ချစ်လှစွာသော ခင်ပွန်းသည် တွေအတွက် ထမင်းဗူးလေး ပြင်ပေးရမှာပါ"

LuYu က JiKe နားကပ်လာပီး -
"JiKe... မင်း ဘာတွေ ဝယ်ဖို့တွေးထားလဲ?"

YunJin အသားကြိုက်တယ်ဆိုတာ JiKe သိထားတယ်လေ -
"အိမ်လက်ရာဟင်းအတွက်ပေါ့... ကဲပါ.. စျေးသွားစို့"

ဒီမြို့လေးရဲ့ စျေးက အတော်ကိုသေးပါတယ်... ဒေသခံ အန်တီကြီး ဦးလေးကြီးတွေက သာမာန်အဝတ်လေးတွေပဲဝတ်ထားပီး စျေးခင်းရောင်းကြကာ သူတို့ရောင်းတဲ့ အသီးအရွက် သားငါးတွေ က လတ်ဆတ်ပီး စျေးလည်း အတော်ချိုတယ်... ဒီနေရာကတော့ တိုးရစ်ဆွဲဆောင်မှု နည်းတဲ့ နေရာလေးပေါ့...
သူတို့ရိုက်ကူးရေးလုပ်နေတာတွေ့တော့ ဒေသခံအတော်များများက စပ်စပ်စုစု ဝိုင်းအုံလာကြည့်တယ်...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now