Chapter 99

3.9K 363 4
                                    

18.6.2023(Edited)

Chapter 99 : ငါ့ကို ဒီမှာဆွဲပေးပါ...

LinZhi ကို FuShiWen ဖုန်းခေါ်ခဲ့ခြင်းဖြစ်ပီး LinZhi ပိုင်တဲ့ စားသောက်ဆိုင်က A မြို့တော်မှာ တသီးတသန့်ဆန်တဲ့ နာမည်ကြီးစားသောက်ဆိုင်တစ်ခု...
သူ့ရဲ့ အဓိကဟင်းလျာတွေဟာ ဆိုင်းဘုတ်ပေါ် မီနူးပေါ်တွေမှာ လုံးဝ မရှိဖူး... လုံးဝ လျှို့ဝှက်ဆန်ဆန်ထားတယ်... အစားအသောက်တွေဟာလည်း ရာသီအလိုက် ထူးခြားဆန်းပြားစွာ အမျိုးမထပ်အောင် ချက်ပြုတ်ထားတာမျိုး..

ဒီရက်ပိုင်းအတွင်း Aမြို့တော်မှာ အထင်ကရ အရေးကြီးပုဂ္ဂိုလ်တွေလာရောက်ပီး အစည်းအဝေးတွေ ရှိနေတာမို့ LinZhi တစ်ယောက် တကယ် အလုပ်ရှုပ်နေခဲ့တာ..
ဒါပေမဲ့ FuShiWen ရဲ့ ဖုန်းတစ်ကော ရတာနဲ့ ဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်၊ ထုပ်ပိုးပီး ပူတုန်း စားကောင်းအောင် ကိုယ်တိုင် လာပို့ပေးရသည်အထိ...

"ဖူ့ကော က ရုတ်တရက်ကြီးဖုန်းဆက်လာခဲ့တာ...နောက်တခါဆို ကြိုဘိုကင် ချိတ်ပေးဖို့ သတိရပါဗျာ"
LinZhi မောကြီးပန်းကြီးနဲ့ ရောက်ချလာတယ်..

FuShiWen က ရေချိုးခန်းဝတ်စုံသာ ဝတ်ထားပီး အစားအသောက်အထုပ်တွေကို တံခါးပေါက်မှာ လှမ်းယူတယ်..
"ကျေးဇူးအထူးပါကွာ...နောက်တခါဆို ဘိုကင်လုပ် ပါ့မယ်"

"ဖူ့ကော ကျေးဇူးနဲ့ ကျွန်တော့်မှာ ၂နာရီလောက် လုံးပန်းလိုက်ရတယ်"
LinZhi နဖူးကချွေးစို့နေတာကို သုတ်ရင်း မျက်လုံးတွေကတော့ စပ်စုချင်လွန်းလို့ တဖျက်ဖျက်လက်လို့ -
"ဖူ့ကော ကျွန်တော့်ကို သေချာ မှာခဲ့တာက ၂ယောက်စာ ဆိုတော့....ဘယ်သူနဲ့အတူစားမလို့လဲ?"

မေးလည်းမေးရင်း ခေါင်းကလည်း အခန်းထဲကို ချောင်းကြည့်ရသေး၏..
LinZhi စပ်စုနေတာကို သိတာမို့ FuShiWen သူ့ကိုယ်လုံးနဲ့ ကာထားတာကြောင့် ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ အဝတ်တွေပဲ LinZhi မြင်ခဲ့ရတယ်..
ဒါကဟိုတယ်လေ!! ဘာဖြစ်မယ်ဆိုတာ လူတိုင်းသိမှာပဲ မဟုတ်လား!!

"နောက်ဆုံးတော့ တွေ့ခဲ့ပီပေါ့!!??"
LinZhi က တံခါးဘောင်ကိုမှီထားရင်း မျက်နှာက စပ်ဖြီးဖြီးနဲ့...
လွန်ခဲ့တဲ့နှစ်တွေတုန်းက FuShiWen အခြေအနေကို ကြားရတုန်းကဆို LinZhi တကယ် ရင်ထဲမကောင်း...
"ဖူ့ကော...အခုဟင်းလျာတွေကို ကျွန်တော်ကျွေးမယ်... ဘယ်တော့မှ ခယ်မလေး နဲ့ ကျတော့်ကို မိတ်ဆက်ပေးမှာလဲ? မိတ်ဆက်ပေးတဲ့နေ့ကတော့ တစ်ဝိုင်းစာ ကျွန်တော်ကိုယ်တိုင် အသစ်ထွင်ထားတဲ့ အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးမှာ... လုံးဝ အကြိုက်တွေ့စေရမယ်ဗျာ"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now